9.

368 44 0
                                    

(Unicode)


လော်ယွင်ရှီးက သူ့အစ်ကိုတော်နဲ့ သွားတွေ့ပြီး ပြန်ဝင်လာတော့ သူ့အခန်းဝမှာ ချန်ဖေးယွီက ရပ်စောင့်နေတာကို တွေ့လိုက်ရတယ်။ ချန်ဖေးယွီက သူ့ကို ကျောခိုင်းလျက် ရပ်နေတာဖြစ်ပြီး သူ့ခြေသံကြားတော့ ပြန်လှည့်ကြည့်လာတယ်။

" ကျွန်တော်... "

" ငါ.. "

သူတို့နှစ်ယောက်ရဲ့ အသံက ပြိုင်တူထွက်သွားခဲ့ပြီးနောက် ချန်ဖေးယွီကပဲ ဆက်ပြောလာတယ်။

" ခင်ဗျား ဘာမှမစားဘူးလို့ ကြားတယ်။ "

" ငါ မဆာလို့။ "

" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ခင်ဗျားက မနေ့ကလည်း ဘာမှ မစားထားဘူးလေ။ "

" မင်း ဘယ်လိုလုပ်သိလဲ။ "

" ကျွန်တော် မသိစရာလား။ ခင်ဗျားက ကျွန်တော့်ရှေ့ခန်းမှာ နေတာလေ။ နောက်ပြီး ခင်ဗျား တစ်ခုခုစားဖို့ လိုတယ်။ "

ချန်ဖေးယွီက အတင်းအကြပ်ပြောနေလေတော့ လော်ယွင်ရှီးခမျာမှာ ခေါင်းညိတ်ပြီး သဘောတူလိုက်ရတော့တယ်။ အဲ့သည်နောက် သူတို့ဟာ အတူတူ မနက်စာစားကြတယ်။ ဒါပေမဲ့ လော်ယွင်ရှီးက နည်းနည်းပဲ စားတာကို ချန်ဖေးယွီ သတိထားမိသွားပြန်တယ်။

" ခင်ဗျား ချစ်သူနဲ့ စကားများလာလို့လား။ "

" ဘယ်ကချစ်သူလဲ။ "

" စောနက ခင်ဗျားသွားတွေ့တဲ့ တစ်ယောက်ပေါ့။ "

" အဲ့ဒါ ငါ့အစ်ကိုတော်ပါ။ ငါ့ချစ်သူလို့ မင်းကို ဘယ်သူကပြောလဲ။ "

သူတို့နှစ်ယောက်ဟာ စကားပြောနေကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ချက်တွေ ရှိနေသေးတယ်။ သူတို့ဟာ မကျေနပ်ချက်တွေနဲ့ တစ်ဦးကို တစ်ဦး ရွဲ့စောင်းနေတော့တယ်။

" ခင်ဗျားကို လာခေါ်တဲ့ အစေခံမလေးပေါ့။ ညီအစ်ကိုလိုမျိုးသာ ခင်ဗျားတို့ တကယ်နေခဲ့ရင် သူက ချစ်သူလို့ပြောမယ်တဲ့လား။ "

" မင်း! ငါ့ကို အနေထိုင်မတတ်ဘူးလို့ ပြောတာလား။ "

" အဲ့လိုမပြောပါဘူး။ ဘယ်ညီအစ်ကိုချင်းက ပန်းခြံထဲ စကားသွားပြောကြလို့လဲ။ ​ပြီးတော့ ဘယ်ညီအစ်ကိုတွေက လက်ကိုင်ကြတာလဲ။ "

TRAVELOGUE [Completed]Where stories live. Discover now