19.

353 38 0
                                    

(Unicode)


မနက်မိုးလင်းတော့ ချန်ဖေးယွီက သူ့အနားမှာ လော်ယွင်ရှီးမရှိတော့ကြောင်း သတိထားမိသွားတယ်။ သူဟာ နိုးလာပြီးနောက် လော်ယွင်ရှီးကို နန်းဆောင်တစ်ဝိုက် လိုက်ရှာရပြန်တယ်။ ဒါပေမဲ့ သူဟာ လုံးဝ ရှာမတွေ့ဘူး။ အဲ့လိုနဲ့ပဲ သူတို့ရဲ့ နေ့လည်စာစားချိန်ဟာ ကျော်သွားပြန်တယ်။ တကယ်ဆို သူမနေ့ကတည်းက သောကတွေနဲ့ ဘာမှမစားရသေးတာ။ သူက အစေခံမလေးတစ်ယောက်ကို ခေါ်မေးလိုက်တယ်။

" မင်းသား ၁၀က မနက်ကတည်းက စာကြည့်ဆောင်မှာ စာအုပ်တွေ လှန်လောနေတာ တွေ့လိုက်တယ်။ "

ချန်ဖေးယွီမှာ အလွန်စိတ်ပူသွားရပြန်ပြီး ပြေးသွားမိတော့တယ်။ သူ စာကြည့်ဆောင်ရောက်သွားတော့ စာအုပ်တွေအထပ်ထပ် စီတန်းထားတဲ့ အလယ်မှာ လော်ယွင်ရှီးကလွဲပြီး ဘယ်သူမှ ရှိမနေဘူး။ သူဟာ ကယောင်ကချားနဲ့ စာအုပ်တွေကို လှန်လှောရှာနေတဲ့ သူ့ကိုကိုဆီ ပြေးသွားလိုက်ပြီး အနောက်မှ ဆွဲဖက်လိုက်တော့တယ်။ လော်ယွင်ရှီးဟာ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်နေရာမှ သူ့ကို တစ်စုံတစ်ယောက်က ဖက်လိုက်တော့ အင့်ခနဲ ဖြစ်သွားတော့တယ်။ သူက ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ချန်ဖေးယွီကို လှည့်ကြည့်လိုက်တော့တယ်။

" ကိုကို ဒီမှာ ဘာလုပ်နေတာလဲ။ ကိုကို မနေ့ကတည်းက ဘာမှမစားရသေးဘူးလေ။ "

" ဖေးယွီ....ငါ ဒီမှာ မြေပုံအနေအထားတွေ ကြည့်ပြီး တစ်ခုခု အဖြေရှာကြည့်နေတာ။ ပြောလို့ မရဘူးလေ။ ငါ နည်းလမ်းတစ်ခုခုလောက်တော့... "

" ကိုကို! "

လော်ယွင်ရှီးဟာ သူဘာလုပ်နေသလဲဆိုတာ ချန်ဖေးယွီကို တရစပ်​တင်ပြနေရင်း ချန်ဖေးယွီက အော်လိုက်သံကြောင့် သူလန့်ပြီး တုန်တက်သွားတော့တယ်။ ချန်ဖေးယွီက သူ့ကိုကိုမျက်ဝန်းထဲမှ မျက်ရည်စများကို တွေ့လိုက်ရတဲ့အခါ လေသံပြန်ပျော့သွားရပြန်တယ်။ ချန်ဖေးယွီက သူ့ကို ရီဝေဝေလေးငေးကြည့်နေလေတဲ့ လော်ယွင်ရှီးရဲ့ မျက်ဝန်းတွေကို တည်တည်ငြိမ်ငြိမ်ပြန်ကြည့်လိုက်တယ်။

" ခင်ဗျားကိုယ်ခင်ဗျားလည်း ပြန်ကြည့်ပါဦး။ မျက်ကွင်းတွေလည်း အရမ်းညိုနေပြီ။ ကျွန်တော့်ကို ရင်နာအောင် လုပ်နေတာလား။ "

TRAVELOGUE [Completed]Where stories live. Discover now