12.

346 41 0
                                    

(Unicode)

မင်းသား၇က သူ့အစ်ကိုတော်နှစ်ယောက်ရဲ့ အချင်းချင်းမသင့်မြတ်ဖြစ်နေကြပုံကို တွေ့လိုက်ရပြီး ချန်ဖေးယွီရဲ့ စကားကိုလည်း ကြားလိုက်ရတယ်။ သူက ချန်ဖေးယွီရဲ့ပုံစံဟာ မရိုးသားဘူးဆိုတာ ရိပ်စားမိတယ်။ နောက်ပြီး လော်ယွင်ရှီးကိုတောင် ရအောင် ချဉ်းကပ်နိုင်တာမို့ သူ အထင်သေးလို့လည်း မရပြန်ဘူး။ ဒါကြောင့် သူက သူတို့လှုပ်ရှားပုံတွေကို အစအဆုံး လိုက်ချောင်းနေတော့တယ်။

တစ်နေ့ကျတော့ မင်းသား ၃ဟာ လော်ယွင်ရှီးက သူ့ခမည်းတော်ရဲ့ ကျန်းမာရေးကို သွားစစ်ဆေးချိန် လော်ယွင်ရှီးရဲ့ နန်းဆောင်ကို လာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ချန်ဖေးယွီကလည်း အဲ့ဒီမှာရှိနေလေတယ်။ ချန်ဖေးယွီက ခိုးကြောင်ခိုးဝှက်နဲ့ ရောက်လာတဲ့ မင်းသား၃ကြောင့် တိတ်တခိုး လှောင်လိုက်မိတယ်။

" ဟို ဆံတိုကောင် ငါ မင်းဆီက အကြံဉာဏ်လာယူတာ အဟမ်း "

"အော... မင်းသား ၃ ထိုင်ပါ။ ထိုင်ပါ။ "

မင်းသား၃က စားပွဲခုံမှာ ဝင်ထိုင်တော့ သူက သေရည်တစ်ခွက် ငှဲ့ပေးလိုက်တယ်။ ထိုအခါ မင်းသား ၃က အလိုက်သိတတ်တဲ့ သူ့ကို ခေါင်းညိတ်ပြီး ချီးကျူးလိုက်သေးတယ်။

" ရော့ "

သူက သူ့ရှေ့ကို ငွေအိတ်အသေးလေး ပစ်ပေးလာတယ်။ အထဲမှာ သူဖွင့်ကြည့်လိုက်တော့ ရွှေတုံးတွေ ဖြစ်နေလေတယ်။ သူက ပြုံးလိုက်ပြီး ထိုအိတ်ကို လက်ခံလိုက်တော့တယ်။

" မင်း ပြောလို့ ရပြီလား။ "

" ရပြီ။ မင်းသား ၃က တကယ် အမြင်ရှိတာပဲ။ ကျွန်တော့်ရဲ့ ကိုကိုလေးက အတော့်ကို ယောကျ်ားပီသပြီး စိတ်ထားကောင်းလွန်းတာ။ "

" တော်... တော်... ငါကြားချင်တာ ဒါတွေ မဟုတ်ဘူး။ "

" ဟဲ ဟဲ သိပါတယ်။ ဒီလို ကျွန်တော်ပြောချင်တာက သူ့မှာ အခုလက်ရှိ ချစ်သူရှိနေပြီ။ "

" ဘာ! မဖြစ်နိုင်တာ။ "

" ဟုတ်ပါတယ်ဆို! မနေ့ကဆို မင်းသား ၃လိုပဲ ကျွန်တော်လည်း တအားလန့်သွားတာ။ သူ့ ချစ်သူက ဗလတောင့်တောင့်နဲ့ အရပ်လည်း အရှည်ကြီးလေ။ တော်တော့်ကို ချောလွန်းတာ။ မနေ့က အဲ့တစ်ယောက်က ကိုကိုလေးရဲ့ နှုတ်ခမ်းကို နမ်းနေခဲ့တာလေ။ "

TRAVELOGUE [Completed]Where stories live. Discover now