3.

663 69 0
                                    

(Unicode)

နောက်ဆုံးတော့ ချန်ဖေးယွီဟာ ထိုအုပ်စုနဲ့အတူ ခရီးဆက်ခွင့်ရသွားတော့တယ်။ လမ်းခရီးတစ်လျှောက်လုံး ချန်ဖေးယွီဟာ သူ ဘယ်ခေတ်ကို ရောက်နေသလဲဆိုတာကို အတည်ပြုဖို့ အဖြူရောင်ဝတ်ကိုကိုကို တောက်လျှောက်မေးခွန်းတွေ ဖြေခိုင်းရင်း စမ်းသပ်နေတော့တယ်။

" ကိုကို အခု ကျွန်တော်တို့ ဘယ်သွားကြမှာလဲ။ အော်... ကျွန်တော့်နာမည်အပြည့်အစုံက ချန်ဖေးယွီပါ။ "

" ငါ့နာမည်က လော်ယွင်ရှီး "

" ဒါပေမဲ့ ကိုကိုလို့ ခေါ်ရတာပိုကောင်းမယ်ထင်တယ်။ ခင်ဗျားက ကျွန်တော့်ထက်လည်း ကြီးမဲ့ပုံပါ။ "

" ငါက ခမည်းတော်ရဲ့ သားတွေထဲမှာ အငယ်ဆုံးပဲ။ ငါ့ကို ဘယ်သူကမှ ကိုကိုလို့ မခေါ်ကြဘူး။ "

" ကောင်းတာပေါ့။ ကျွန်တော်က ခင်ဗျားရဲ့ ပထမဦးဆုံးကို ရလိုက်တာပေါ့။ ဘယ်လိုလဲ။ "

လော်ယွင်ရှီးဟာ ဘာစကားမှ ဆက်မပြောတော့ဘူး။ သူဟာ ထိုကဲ့သို့ ရိသဲ့သဲ့စကားတွေကို သည်းခံလာတာ ကြာခဲ့ပြီ။ သူဟာ တခြားသူတွေ ဒီလို ထိကပါးရိကပါးပြုမူချင်လောက်သည်အထိ အနေအထိုင်မတတ်ခဲ့တာမျိုးမဟုတ်ပေ။ သူ့အစ်ကိုတော်တွေတောင်မှ သူ့ကို လိုချင်နေကြတယ်။ အစ်ကို၂ဆိုလျှင် သူ့ကို ကိုယ်လုပ်တော်အနေနဲ့ ပေးဖို့ ခမည်းတော်ဆီ လျှောက်တင်ခဲ့ဖူးသေးတယ်။

ချန်ဖေးယွီက သည်အတိုင်းပြောလိုက်တာမို့ လော်ယွင်ရှီးရဲ့ ထူးဆန်းသွားတဲ့ အမူအရာကို သတိမထားမိလိုက်ဘူး။ သူ့ကို ကိုကိုလို့ ခေါ်ခွင့်ပြုလိုက်ပြီလို့သာ မှတ်ယူလိုက်တော့တယ်။

သူ့ကို ဝတ်ပေးထားတဲ့ ရိုးရာဝတ်စုံကို ဝတ်ထားပေမဲ့ သူ့ဆံပင်က အတိုမို့ လမ်းတစ်လျှောက်လုံး၌ လူတွေက သူ့ကို လှည့်လှည့်ကြည့်သွားကြတယ်။

ခမ်းနားလှတဲ့ နန်းတော်ကြီးရှေ့ရောက်တော့ လော်ယွင်ရှီးဟာ သူ့ကို တစ်ချက်လှည့်ကြည့်ပြီး။

" ဒါ ငါနေတဲ့ နေရာ မင်းလည်း ဒီမှာ လတ်တလော နေရမယ်။ "

" ဟုတ်ကဲ့ ကိုကို "

TRAVELOGUE [Completed]Where stories live. Discover now