........''ကျွန်တော့်ရဲ့သံစဥ်''........အပိုင်း(၁)
"ပျော်လား....''
"အွန်း..... ''
လက်ထဲက မုန့်ပေါင်းပူပူနွေးနွေး ကို ပလုပ်ပလောင်းဝါးစားနေရာမှ ပြုံးပြရင်း ပြန်ဖြေလာသည်။
"ဖြေးဖြေးစား... တခြားစားစရာတွေအများကြီးကျန်သေးတယ်...''
"Ok...''
မျက်စိတစ်ဖတ်မှိတ်ပြပြီး ပြန်ဖြေလာတဲ့သူ့ကို တစ်ချက်ငဲ့ကြည့်ရင်း ကြိတ်ကြိတ်တိုးနေသည့် လူအုပ်ကြားထဲ ဆက်တိုးဝင်လာခဲ့လိုက်သည်။
ဇာတ်ပွဲဆီက ဧည့်ခံပဏာမ ဆိုင်းတီးသံ မြူးမြူးကြွကြွက လူကိုသွေးကြွလာစေသလိုဘဲ။
စတိတ်ရှိုးပြီးထဲ့အထိ ပွဲခင်းထဲမှာနေမယ်။
ပြီးမှအိမ်ပြန်ရမယ်။ဟိုတစ်ယောက်ကို ဇာတ်ပွဲတွေရဲ့ စတိတ်ရှိုးအရသာသိအောင် ပြရအုံးမယ်မဟုတ်လား။
လှည့်ကြည့်တော့ ဆရာသမားက သူ့အနောက်မှာပါမလာခဲ့ဘဲ ခပ်လှမ်းလှမ်းက လေးကောင်ဂျင် ကစားဝိုင်းရှေ့မှာ။"မြွေကွ...''
"ဖားကွ...''
"ကြွက်...ကြွက်''
လေးကောင်ဂျင်ထိုးသားတွေက သူတို့လောင်းကြေးထိုးထားသည့် အကောင်လေး အုပ်ဆောင်းအဖွင့်မှာ ပေါ်လာလေမလား ရင်ခုန်စိတ်ဖြင့် အော်ဟစ်နေကြသည်။
"မမြင်ဖူးဘူးလား....''
အနားကပ်ပြီး သူ့ပုခုံးကိုလှမ်းပုတ်ရင်းမေးတော့ ''ဟင်အင်း...'' ဟု ဖြေသည်။
"လေးကောင်ဂျင်လို့ခေါ်တယ်.... ပွဲစျေးတွေမှာအပျော် ကစားကြတဲ့... လောင်းကစားတစ်ခုဘဲကွ....''
"ကာစီနိုထက် ပျော်စရာကောင်းတယ်.... ကာစီနိုက ဒီလိုတွေအော်ဟစ်နေတာမျိုးမရှိဘူးလေ... ဒီမှာက အကုန်လုံး ကိုယ်ထိုးထားတဲ့.. အကောင်ကိုယ် အော်နေကြတာ.... မိုက်တယ်''
"အော်ချင်တာလား....''
"အင်း....''
"စမ်းကြည့်ပေါ့... အပျော်လေး...''
စမ်းကြည့်ဆိုတာနဲ့ သူ့ပိုက်ဆံအိတ်ထဲက ဆွဲထုတ်လိုက်သည့် တစ်သောင်းတန် တစ်အုပ်ကြောင့် မျက်လုံးပြူးရပြန်သည်။
YOU ARE READING
''ကျွန်တော့်ရဲ့သံစဥ်''
RomanceBL ဝတ္ထု ငါ့ဘဝကသီချင်းတစ်ပုဒ်ဆိုရင် မင်းဆိုတဲ့သံစဥ်လေးရှိနေမှ အဓိပ္ပါယ်ရှိတာမျိုး