"ကျွန်တော့်ရဲ့သံစဥ်''....... အပိုင်း(၅)
မိုးကတဖွဲဖွဲနဲ့ ရွာနေဆဲ။
မနက်ဖြန်မှ တနလ်ာနေ့ဆိုတော့ ဒီနေ့အေးအေးဆေးဆေး နားနေခွင့်ရသည်။မိုးကတစိမ့်စိမ့်... နေရာဒေသကအသစ်.. ဘယ်ကိုကြည့်လိုက်ကြည့်လိုက် တောင်တန်းတွေ၊ တောတွေ၊ စိုက်ခင်းပြင်ကြီးတွေကိုသာ မြင်နေရသဖြင့် လွမ်းစိတ်တို့က ထိန်းမရသိမ်းမရ ဖြစ်လာသည်။
လွမ်းတာတော့လွမ်းတာဘဲ။
ဒါပေမဲ့ ဘာကိုလွမ်းလို့လွမ်းမှန်းကိုမသိ။
အိမ်ကိုလွမ်းသည်။
အမေ့ကိုလွမ်းသည်။
ထမင်းဟင်းတွေကိုလွမ်းသည်။
ဘလက်ဝမ်းကိုလဲလွမ်းသည်။
(ဘလက်ဝမ်းဆိုတာ အိမ်မှာကျွန်တော်မွေးထားတဲ့ခွေးလေးပါ)အိမ်ပြတင်းပေါက်က မြင်နေရတဲ့ မြင်ကွင်းတွေကို ထိုင်ကြည့်နေရင်း ငိုချင်လာသည်။
အလင်းရောင်တဖြည်းဖြည်းပျောက်သွားပြီ။
ပိန်းပိတ်နေသည့် အမှောင်ထုထဲမှာ ရွာထဲက ဆိုလာဘက်ထရီ မီးရောင်လေးတွေက မှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေလို မြင်နေရသည်။ဆရာတွေနေတဲ့ အိမ်လေးမှာ ဆိုလာပြားနဲ့ ဘက်ထရီတစ်လုံး တပ်ပေးထားပေမဲ့ မီးထမထွန်းဖြစ်ဘဲ အမှောင်ထဲမှာဘဲ ဆက်နေနေမိသည်။
အိမ်မှာဆို ဒီအချိန် မီးတွေလင်းလို့ သားအမိနှစ်ယောက် ညစာအတူတူစားကြ၊ သူများအကြောင်း၊ ကိုယ့်အကြောင်း၊ ရပ်ထဲရွာထဲကအကြောင်းလေးတွေ ပြောလိုက်၊ အမေ မနက်အကြော် ကြော်ဖို့ လိုအပ်တာတွေ ဝိုင်းပြီးလှီးချွတ်လိုက်နဲ့... အခုတော့... ။
ငိုချင်တယ်...။
တကယ်ဘဲ..။ညနေပိုင်းကတည်း ဆန်ပြုတ်နဲ့ ဆေးသောက်ပြီး ပြတင်းပေါက်ရဲ့ဘေးမှာ ခွေခွေလေး လှဲပြီး အလွမ်းဋီကာ ဖွင့်နေတဲ့ ကျွန်တော့် ဘေးနားကို ဘုတ်ခနဲ ကျလာသည့် အရာကြောင့် လန့်ဖြန့်သွားရသည်။
"အမေ့.....''
ဘက်ထရီမီးရောင်ဖျတ်ခနဲ ပွင့်လာချိန် မြင်လိုက်ရသည်က ဟိုကောင် ရမ်းကု...။
ပြီးတော့ ကျွန်တော့်ဘေးမှာ စောင်ကြမ်းတစ်ထည်ဖြင့် ထုပ်ထားသည့် အထုပ်ကြီးတစ်ထုပ်။
YOU ARE READING
''ကျွန်တော့်ရဲ့သံစဥ်''
RomanceBL ဝတ္ထု ငါ့ဘဝကသီချင်းတစ်ပုဒ်ဆိုရင် မင်းဆိုတဲ့သံစဥ်လေးရှိနေမှ အဓိပ္ပါယ်ရှိတာမျိုး