အပိုင်း(၉)

142 24 35
                                    

"သံစဥ်''.....  အပိုင်း(၉)

ကျွန်တော်တို့နှစ်ယောက်ကြားက ပါတ်သတ်မှုကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ရမလဲဆိုတာကိုတော့ အခုချိန်ထိ စဥ်းစားလို့မရသေးပါဘူး။

အဖော်မပါဘဲ ဟိုး...နယ်အဝေးကြီးကို တစ်ယောက်ထဲ  ရောက်လာတဲ့ ကျွန်တော့်အတွက်တော့ ဧကရာဇ်ဟာ သက်တူ ရွယ်တူလို့ပြောလို့ရမယ့် သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် အားကိုးရာ တစ်ခုလို့ဘဲ ပြောရမယ်ထင်ပါတယ်။

ကျွန်တော်နေမကောင်းတဲ့နေ့ကစလို့  ကျွန်တော့်တဲလေးထဲ ရောက်လာခဲ့တဲ့ သူနဲ့ကျွန်တော့်ကြားမှာ တစ်စတစ်စ  ဆက်နွယ်မှုလေးတွေ ဖြစ်တည်လာခဲ့ပါတယ်။

ဧကဟာ ရွယ်တူသူငယ်ချင်းလိုလဲ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ရသလို ဒီရွာကိုအရင်ရောက်နေတဲ့ စီနီယာတစ်ယောက်လိုလဲ အစစအရာရာ ဦးဆောင်ပေးနိုင်သူ၊ ကူညီပေးနိုင်သူပါ။

ရောက်ခါစကဆို အဆင်မပြေမှုတွေတော်တော်များပါတယ်။
ယောကျာ်းလေးဘဲ.. ဒေါင်ကျကျပြားကျကျပေါ့လို့ဆိုပေမယ့် တချို့နေရာတွေမှာတော့ အတော်လေး အခက်ကြုံရတာပါ။

လိုအပ်တာရှိရင် ရွာထဲပါတ်ပြီးအကူအညီတောင်းနိုင်ပေမယ့် ဧကလိုမျိုး လိုအပ်တာ ချက်ချင်းကူညီပေးနိုင်မယ့် ရွာခံတစ်ယောက် ကိုယ့်အနားမှာ ရှိနေတာက ပိုကောင်းတာအမှန်ပါ။

ဥပမာ.. အိမ်နဲ့ဖုန်းဆက်ချင်ရင် ကျွန်တော်တို့ကိုင်တဲ့ GSM ဖုန်းတွေက ဒီမှာလိုင်းမမိပါဘူး။
ကျွန်တော်ပြောခဲ့သလိုဘဲ ရွာထဲသွား၊ ဝါးလုံးတိုင်ကြီးထောင်ထားတဲ့အိမ်မှာ သွားဆက်မှရတာမျိုးပါ။

ဒါပေမဲ့ ချွင်းချက်အနေနဲ့ ကျွန်တော့်ကျောင်းလေးရဲ့ အနောက်ဖက်က တောင်ကုန်းလေးပေါ်မှာတော့တစ်ချက်တစ်ချက် MPT လိုင်းမိတတ်ပါတယ်တဲ့။

လိုင်းမိတယ်ဆိုပေမယ့် အဲ့တစ်နေရာလေးဘဲ ကွက်မိတာမို့ ဖုန်းဆက်ချိန်ဆို ကိုယ့်မှာ လှုပ်တောင်မလှုပ်ရဲဘူး။
လှုပ်လိုက်ရင် လိုင်းကျသွားမှာစိုးလို့။
အဲ့လိုင်းမိတဲ့နေရာလေးကို ဧကဘဲ ပြောပြ၊ သူကိုယ်တိုင်ဘဲ လိုက်ပို့လို့ ကျွန်တော်ရောက်ခဲ့သိခဲ့ တာပါ။

You've reached the end of published parts.

⏰ Last updated: Aug 22, 2022 ⏰

Add this story to your Library to get notified about new parts!

''ကျွန်တော့်ရဲ့သံစဥ်''Where stories live. Discover now