အပိုင်း(၄)

160 31 112
                                    

အပိုင်း(၄)(ဖြူဖြူဖွေးဖွေးလေးအားမိတ်ဆက်ခြင်း)
***************

"ဒီမှာ...ဟေ့လူ...ဟေ့''

အနောက်က ခပ်ဆတ်ဆတ်ခေါ်သံကြောင့် ကျွန်တော် လှည့်ကြည့်လိုက်သည်။
မျက်မှောင်ကြုံ့ထားပြီး အလိုမကျသည့် မျက်နှာပေးနှင့် ဝါးခမောက်ပိုင်ရှင် ထိုလူက ကျွန်တော့်ကို စိုက်ကြည့်နေသည်။

နဂိုကတည်းကကြည့်မရနေသည့်မို့ ကျွန်တော်လဲ ခပ်ချေချေပုံစံဖြင့် မေးဆတ်ပြလိုက်သည်။
ဘာလဲဆိုတဲ့သဘောပေါ့။

ဟုတ်တယ်လေ.. အရှေ့ဆို ဖိုင်ရန်ရွာရောက်နေပြီဘဲဟာ။
ရွာဝင်ဆိုင်းဘုတ်လေးတောင် မြင်နေရပြီ။
ဒီတောသားကို အရေးမစိုက်တော့ရင်လဲ ဖြစ်တာဘဲလေ..နော့်။

လှည့်ကြည့်တော့လဲ သကောင့်သားက ဘာမှဆက်မပြော။
ဘာလဲဟ...ခေါ်တုန်းကခေါ်ပြီး။

ဘာမှမပြောသေးဘဲ ကျွန်တော့်အနားကိုလျှောက်လာသည်။
ပြီးမှ ခပ်ရှရှလေသံတစ်မျိုးဖြင့် စကားတစ်ခွန်းဆိုသည်။

"ခဗျားဘောင်းဘီအနောက်မှာ.. ပြဲနေတယ်.. ''

"ဘာ...''

"ကျွစ်.. နားဘဲကန်းနေတာလားမသိဘူး... ခဗျားဘောင်းဘီအနောက်ဘက်မှာ ပြဲနေတယ်.... ရွာထဲဝင်မှာ.. လူမြင်မကောင်းလို့ပြောတာ....''

ဘောင်းဘီ..ဘောင်းဘီပြဲနေတာတဲ့လား။
ထိုလူစကားကြောင့် ကျွန်တော့်အနောက်ဘက်ကို ယောင်ယမ်းပြီး လက်ဖြင့်စမ်းလိုက်မိသည်။

ဟုတ်ပါရဲ့။
ဝတ်ထားသည့် ဂျင်းဘောင်းဘီက ခါးစပ်နားမှသည် ဂွကြားအနားထိ ချုပ်ရိုးတစ်လျောက် ဟတ်တက်ကြီးကွဲလို့။

ဘယ်တုန်းကပြဲသွားတာပါလိမ့်။
ဖင်ထိုင်ရက်ချော်လဲတုန်းကနေမှာ။
လမ်းမှာလဲ ခနခန ချော်လဲနေတာဆိုတော့ ပြဲသွားတာကို သတိမထားမိလိုက်ဘူး။
ရွာရောက်ချင်ဇောကလဲ ကပ်နေတာကိုး....။

နေပါအုံး....
ဒီလူဘယ်အချိန်ကတည်းက ဒါကို မြင်နေတာလဲ။

အား.... ရှက်လိုက်တာ။
သွားပါပြီ.. သွားပါပြီ။
ကျောင်းဆရာ အသစ်စက်စက်လေး အရှက်တွေတော့ကွဲပါပြီ။

''ကျွန်တော့်ရဲ့သံစဥ်''Where stories live. Discover now