အပိုင်း(၆)

101 24 31
                                    

"ကျွန်တော့်ရဲ့သံစဥ်''....... အပိုင်း(၆)

ဒါပါဘဲ။
ကျွန်တော့်ဘဝထဲကို ဧကရာဇ်ဆိုတဲ့ လူသားတစ်ယောက် ချဥ်းနင်းဝင်ရောက်လာပုံ အစက အဲ့လိုလေးပါ။
အဲ့အချိန်ကစပြီး တစ်စတစ်စ တိုးတိုးဝင်လာတဲ့ လူသားနဲ့ အခုဆို သံယောဇဥ်တွေရှိနေခဲ့ပြီဆိုတာ မငြင်းပါဘူး။

အသားဖြူဖြူ အရပ်ရှည်ရှည်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်နဲ့ အကုန်လုံးပြည့်စုံနေတဲ့ ဧကရာဇ်ရဲ့ နောက်ကွယ်က ဇာတ်ကြောင်းတွေကတော့ မပြည့်စုံလှပါဘူး။

ကျောင်းဝန်းထဲက ကျွန်တော့အဆောင်လေးကို သူလာနေခဲ့တဲ့အချိန်ကနေစပြီး တဖြည်းဖြည်း သူ့အကြောင်းတွေသိခဲ့ရသလို၊ သူ့ရဲ့အမူအကျင့်တွေ၊ သူ့ရဲ့ စိတ်ခံစားချက်တွေကိုလဲ နားလည်လာခဲ့ရပါတယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ရင်းနှီးမှု အတိုင်းအတာတွေလဲတိုးလာခဲ့ပြီမို့ အခေါ်အဝေါ် အသုံးအစွဲကအစ ပြောင်းလဲခဲ့ပါပေါ့။

ဧကရာဇ်ဆိုတဲ့ သူ့နာမည်ကြီးက တင်စီးလွန်းလို့ဆိုပြီး ကျွန်တော်က 'ဧက' လို့ အဖျားဆွတ်ခေါ်တော့ စိတ်ဆိုးပါတော့တယ်။

"ဘာဧကလဲ...
လယ်ဧကလား...
မဟုတ်မဟတ်တွေမခေါ်စမ်းပါနဲ့... အရှင်သခင်တစ်ပါးလိုဖြစ်နေတဲ့ နာမည်ကို.. ခဗျားနဲ့တွေ့မှ.. လယ်ထဲကိုင်းထဲက နာမည်ဖြစ်ကုန်ပြီ....'' ဆိုပြီး ရန်တွေ့တာဆိုတာ။

ဒါပေမဲ့လဲ ကျွန်တော်ကတော့ ဧကလို့ ခေါ်မြဲ။
ခေါ်တိုင်းလဲ သူက စိတ်ဆိုးမြဲ။
ကြာတော့လဲ ကျွန်တော်ပေးတဲ့နာမည်ကို သူ မလွန်ဆန်တော့ပါဘူး။

နားယဥ်သွားတာလား ဒါမှမဟုတ်
ကျွန်တော့ကိုအလျော့ပေးလိုက်တာလားဆိုတာတော့ သူဘဲသိပါလိမ့်မယ်။

အဲ.... ဒါပေမဲ့ ထူးခြားတာက ကျွန်တော်ခေါ်သလို ရွာထဲက တခြားသူတွေက ဆရာလေးဧက လို့ခေါ်ရင် လုံးဝပြန်မထူး၊ ပြန်မကြည့် ၊ပြန်မနှုတ်ဆက်တတ်တာပါဘဲ။

ကျွန်တော်က နှုတ်ဆက်နေတယ်လေ... ခေါ်နေတယ်လေ.. လို့ပြောရင်တောင် ဧကရာဇ်ကိုခေါ်တာမဟုတ်ဘူး ၊ ဧက ကိုခေါ်နေတာ... ထူးစရာမလိုဘူးလို့ မျက်မှောင်ကြီးကုတ်ပြီး ပြန်ပြောတတ်ပါတယ်။

''ကျွန်တော့်ရဲ့သံစဥ်''Where stories live. Discover now