🖤 Intro 🖤

3.5K 145 12
                                    

||Unicode ||

" အား... ဘာလို့ အရမ်းပူလာရတာလဲ။ တစ်ယောက်ယောက် ငါသောက်မဲ့ ဝိုင်ထဲတစ်ခုခုထည့်ထားတာလား။ "

သူParty ကနေထွက်လာဖို့ အလောတစ်ကြီး ပြင်ဆင်လိုက်သည်။ ခြေလှမ်းတွေကိုခပ်သွက်သွက်လှမ်းရင်း ထူးဆန်းတဲ့ ဖိအားရှိတဲ့ Alpha အများအပြားရဲ့ ဟော်မုန်းအနံတွေကို ရလိုက်သည်။ ထိုအချိန် သူကအန္တာရယ်များတဲ့ သားရဲအုပ်ထဲ ရောက်နေတာကို သတိထားမိလိုက်သည်။

ဒါကြောင့် ​ခြေလှမ်းတွေ မြန်လာတဲ့အပြင် စိတ်ကလည်းအလောကြီးလာခဲ့သည်။ ရုတ်တရက် သတိမထားမှုကြောင့် လူတစ်ယောက်ကို ဝင်တိုက်မိတော့တယ်။ ဒါမဲ့သူဂရုမစိုက်နိုင်တော့ဘူး။

နှာခေါင်းထဲတိုးဝင်လာတဲ့ ထိုလူရဲ့ဝိုင်အနံပြင်းပြင်းဟော်မုန်း အနံတို့က အလိပ်လိပ် တိုးဝင်လာကြသည်။ သူ့ရဲ့ခန္ဓာကိုယ်က ပိုမယိုးမယွဖြစ်လာတာကြောင့် ထိုလူကိုလည်း တောင်းပန်ဖို့ မနိုင်တော့ဘူး။ ဒါကြောင့် အပြင်ကိုထွက်မဲ့ခြေလှမ်းကို ပြန်လည်စတင်လိုက်သည်။

ဒါမဲ့ထိုလူက သူ့ကိုသက်ညှာစွာ လွှတ်ပေးမဲ့ပုံမရပါဘူး။ သူ့ရဲ့လက်မောင်းတစ်ဖက်ကို အားနဲ့ဆုပ်ကိုင်ကာ ထိုလူကသူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။ ထို့နောက် အလွန်ဒေါသထွက်နေတဲ့ အသံနဲ့ဆိုလာခဲ့သည်။

" ကျန်း ကျန့် ယွင်...အခုထိမာနကြီးတုန်း မင်းတိုက်သွားတာ လမ်းဘေးကသူတောင်းစားမဟုတ်ဘူး။ ​တောင်း ပန် စမ်း! "

သူ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ ဆိုလိုက်သည်။

" ကုန်းရိဖေး ငါတောင်းပန်တယ်။ လွှတ်ပေးပါတော့ "

ကုန်းရိဖေး ဆိုသူက ကြောင်အသွားပြီး လက်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် ကျန်းကျန့်ယွင် ဆီကဆွဲဆောင်မှုရှိတဲ့ ကော်ဖီ အနံလေးကြောင့် မျက်ဆံတစ်စုံဟာ အနီရောင်ပြောင်းလိုက် မူလအနက်ရောင်ပြောင်းလိုက်ဖြစ် တုန့်ဆိုင်းနေခဲ့ပြီး ထိုထွက်ပြေးသွားတဲ့ ကောင်လေးအနောက်လိုက်ခဲ့သည်။ သူမြင်လိုက်ရတာက လမ်းကြားတစ်ခုထဲ Heat ဝင်နေတဲ့ကောင်လေး တစ်ယောက်ပဲ။

I never said " Alpha "Where stories live. Discover now