ငါ မမြူဆွယ်ပါဘူး

1.4K 116 8
                                    

|| Unicode ||
Chapter - 8

" ဦးလေးလျန်... သူကဘယ်သူလဲ "

အိမ်တော်ထိန်းဦးလေးလျန်ကလည်း ဘယ်လိုလုပ်ရမယ်မသိတော့ဘူး။ သူတို့သခင်လေး အမြန်ပြန်လာဖို့သာ ဆုတောင်းနေတော့တယ်။

" ဦးလေးလျန် ဘာလို့မပြောတာလဲ ဟေ့...နင့်ရဲ့အနံတွေ...ဒီအနံဘာလို့ရင်းနှီးနေတာလဲ "

ရုတ်တရက် ခြေသံကြားလိုက်ရပြီး တံခါးဝကနေရိဖေးတစ်ယောက်အပြေးဝင်လာခဲ့သည်။ ဦးလေးလျန် ကလည်းအခုမှသက်ပြင်းချနိုင်ပြီး ကျန့်ယွင်ကလည်း ရိဖေးကိုအားကိုးတစ်ကြီးလှမ်းကြည့်ရှာသည်။

မီလိန်က သူ့နဘေးကဖြတ်ပြေးသွားတဲ့ ရိဖေးရဲ့အနံတွေက သူ့အရှေ့ကကောင်လေးရဲ့ အနံနဲ့ဆင်တူနေတာကို သတိထားမိလိုက်သည်။

" နင်တို့...ရိဖေး...မဟုတ်မှလွဲရော နင်သူ့ကို "

" ဟုတ်တယ် မီလိန် ငါသူ့ကိုအမှတ်အသားပေးထားတယ်။ "

မီလိန်ရဲ့မျက်နှာက ပိုနီရဲလာပြီး အသံတွေထိန်းမရတော့ပဲ အော်ဟစ်လာသည်။

" အန်တီသိလား.... ရိဖေး ငါမေးနေတယ် အန်တီသိလားလို့ "

" အမေသိ မသိ မင်းအလုပ်မဟုတ်ဘူး။ ငါ့မှာအမှတ်အသားပေးထားတဲ့သူ ရှိနေပြီ မင်းရှေ့ဆက်တိုးမလာနဲ့တော့ "

မီလိန်က ကျန့်ယွင်အရှေ့တိုးလာခဲ့ပြီး မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ သူ့အကြည့်တွေထဲ အရမ်းမနာလိုမုန်းတီးမှုတွေ ရွံရှာမှုတွေ ရောပါနေသည်။

" ရိဖေး အန်တီကသဘောတူမယ်ထင်လား ငါအန်တီကိုပြောလိုက်ရင် ဘယ်လိုလဲ "

ရိဖေးက မျက်ခုံးကိုပင့်လိုက်ပြီး နားမလည်သလိုကြည့်နေရှာတဲ့ ကျန့်ယွင်ကိုစိတ်မပူဖို့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။

" ပြောပေါ့ အမှတ်အသားပေးပြီးပြီ အမေ ဘာလုပ်နိုင်သေးလဲ "

" ဟက် နင် အရမ်းနှလုံးသားမဲ့တယ်။ ငါ့ကိုကျတော့ ဘာလို့လက်မခံရတာလဲ "

ရိဖေး ခေါင်းကိုခါရမ်းလိုက်ပြီး မဲ့ပြုံးနဲ့အတူပြောသည်။

You've reached the end of published parts.

⏰ Last updated: Jan 16, 2022 ⏰

Add this story to your Library to get notified about new parts!

I never said " Alpha "Where stories live. Discover now