🖤 အရမ်းပင်ပန်းနေပြီ 🖤

1K 96 1
                                    

|| Unicode ||
Chapter - 4

" ဘယ်လို.... "

ရိဖေးတစ်ယောက် မနက်နိုးနိုးခြင်း သူဖက်ထားတဲ့သူကို မြင်တွေ့လိုက်ရသည်။ လုံးဝလုံးဝကို ကြည့်မရတဲ့လူတစ်ယောက်... ဘယ်လိုကနေ ဒီလိုအခြေအနေဖြစ်ခဲ့တာလဲ။

အသာလေးထထိုင်ကာ ခေါင်းကဆံပင်တွေကို ဖွလိုက်မိသည်။ ကျန့်ယွင်ကို ကြည့်တော့အလွန်ပင်ပန်းနေပုံရပြီး နှစ်နှစ်ချိုက်ချိုက်ကို
အိပ်ပျော်နေခဲ့သည်။

ကျန့်ယွင်ရဲ့ပေါ်နေတဲ့ အပေါ်ပိုင်းက ဖြူဝင်းနေပြီး အလွန်ဆွဲဆောင်မှုရှိတယ်။ ရိဖေး မသိမသာတောင်တံတွေးမြိုချလိုက်မိသည်။

" သူက...ပြောင်းလဲနေသလိုပဲ့.... "

shit....အရမ်းလှတာပဲ့။ နေအုံး...သူ့ခေါင်းနားမှာ သွေးတွေလား...

ရိဖေးလန့်သွားပြီး ကျန့်ယွင်ခေါင်းကို အသာလေးမချီကာ ပေါင်ပေါ်တင်လိုက်သည်။ အိပ်ယာခင်းအဖြူရောင်မှာ သွေးစတစ်ချို့ရှိနေခဲ့တယ်။ ကျန့်ယွင်ကိုသူ့ပေါင်ပေါ် သက်တောင့်သက်သာအနေထားနဲ့ ချပေးပြီး ကိုယ့်လက်ကိုယ်ပြန်ကြည့်တော့ သွေးစလေးတွေပါလာခဲ့တယ်။ နောက်ဆုံးတော့ သူသိသွားပြီ။ ဒါကျန့်ယွင်ရဲ့ လည်ကုတ်ဖြစ်တဲ့ ဂလင်းနေရာကထွက်တဲ့သွေးတွေပဲ့။

" ငါအတော်အားထည့် ကိုက်မိသွားတယ် "

ရုတ်တရက် တစ်ခုခုထူးဆန်းနေသလိုခံစားလိုက်ရသည်။

" ငါဘာလို့သူ့ကို တယုတရ လုပ်ပေးနေတာလဲ....ရူးပြီ "

တစ်ဖန် အိပ်ယာခင်းရဲ့သန့်ရှင်းတဲ့ နေရာကိုချပေးလိုက်ပြန်သည်။ ကျန့်ယွင်က အတော်လေးအိပ်မောကျနေပုံရတယ်။ လုံးဝမနိုးခဲ့ဘူး။ ရိဖေးရဲ မျက်လုံးတွေက ကျန့်ယွင်ခန္ဓာကိုယ်ပေါ်ဖြတ်ပြေးနေပြီး ထူးဆန်းတဲ့အရာတွေကိုတွေ့လိုက်ရတယ်။ ဒါကအမာရွက်အရာတွေဖြစ်တယ်။

" ဘာလို့...အမာရွက်တွေ ဒီလောက်များရတာလဲ "

အညိုရောင်ဖျော့ဖျော့ စင်းကြောင်းတွေ ဖြူဖွေးနေတဲ့ အသားရောင်မှာ မသိမသာထင်ပေါ်နေခဲ့သည်။ သူဒါကိုညကမသိခဲ့ဘူးပဲ့။

I never said " Alpha "Where stories live. Discover now