🖤 မင်း...လာတယ် 🖤

1K 104 1
                                    

|| Unicode ||
Chapter - 5

အိုဟောင်းနေတဲ့ ကစားကွင်းလေးတစ်ခု၊ အိုဟောင်းနေတဲ့ နံရံတန်းလေးများ။ စိတ်ညစ်ချိန်တိုင်း အပြင်ခိုးထွက်ပြီး လာထိုင်ဖူးတဲ့ ခုံတန်းလေး။

" ကိုကို မီးမီးပေးတာ "

ခုံတန်းလေးမှာ ခေါင်းငိုက်စိုက်ထိုင်နေမိတုန်း လက်သေးသေးလေးတစ်ဖက် အရှေ့ကိုရောက်လာခဲ့သည်။ ထိုလက်သေးသေးလေးမှာ သကြားလုံးလေးတစ်လုံးကို ကိုင်ထားတယ်။

ကျန့်ယွင် သကြားလုံးလေးကို ယူပြီးစိုက်ကြည့်နေမိသည်။ ကလေးမလေးက သူ့ရဲ့သကြားလုံးလေးကို လက်ခံလိုက်တာမို့ ပျော်ပြီးပြေးထွက်သွားသည်။ ကျန့်ယွင်က ထိုကလေးမလေးပြေးဝင်သွားတဲ့ ကစားကွင်းဟောင်းလေးကို ပြန်ကြည့်လိုက်တယ်။

တစ်ချိန်က ပထမဆုံးအနေနဲ့ ကစားကွင်းထဲမိနစ် နည်းနည်းလေးဝင်ကစားမိလို့ အဖေနဲ့မိထွေးရဲ့ အရိုက်အနှက်ခံရဖူးတယ်။

" ငါတကယ်အသုံးမကျဘူး အာ~ ငါခေါင်းတွေမူးနေပြန်ပြီ... "

ကိုယ့်နဖူးကိုပြန်စမ်းကြည့်တော့ ကိုယ်တွေပူကျစ်နေခဲ့တယ်။

" ဘယ်...ကိုသွားရမလဲ "

ခေါင်းထဲ ရိဖေးကိုစဥ်းစားမိခဲ့တယ်။ ဒါမဲ့သူငါ့ကိုမုန်းနေတယ်။ ထို့နောက် အကိုလျှိထုံကိုစဥ်းစားမိတယ်။ ဒါမဲ့ မဖြစ်ပါဘူး။ သူ့ကြောင့် ဒေါက်တာချင်ကို ထပ်ပြီးအနှောက်ယှက်မပေးချင်တော့ဘူး။

" ကစားကွင်းလေးကို လာတာလား "

ရိဖေး အနောက်ကတိတ်တိတ်လေး လိုက်လာတော့ ကစားကွင်းလေးကခုံမှာထိုင်ရင်း ကစားနေတဲ့ ကလေးတွေကို တွေတွေလေးငေးကြည့်နေတာကို အဝေးကနေပဲ့ကြည့်နေမိတယ်။ ကျန့်ယွင်ကိုကြည့်ရင်းနဲ့ ကစားကွင်းပေါက်ဝက အစောင့်အဖိုးကြီးက ခေါင်းခါရင်းကျန့်ယွင်ကို သနားကြည့်တွေကြည့်နေတာကို မြင်လိုက်ရသည်။ ရိဖေးက ထိုအဖိုးကြီးအနားကိုသွားလိုက်တယ်။

" အဖိုး...ဟိုမှာထိုင်နေတဲ့ ကောင်လေးကိုသိလား "

အဖိုးက ရိဖေးကိုအထက်အောက်ကြည့်ရင်း

I never said " Alpha "Where stories live. Discover now