🖤 ပထမဆုံး Heat ဝင်ခြင်း 🖤

1K 100 2
                                    

|| Unicode ||
Chapter - 2

ကျန့်ယွင် ခေါ်လိုက်ပေမဲ့ ကုန်းရိဖေးက လှည့်မကြည့်တော့ဘူး။ တန်းထွက်သွားတော့တာပဲ့။

အတိတ်တွေက ကြာခဲ့ပြီပဲ့။

အမေအရင်းမဆုံးခင် အသက်၅နှစ်မှာ အဖေ၊အမေ ကျန့်ယွင်လေးတို့က အရမ်းပျော်ရွှင်တဲ့ မိသားစုလေးဖြစ်ခဲ့ပါသေးတယ်။ အမေ့ရဲ့ မိသားစုက အဖေ့လောက်မချမ်းသာပေမဲ့ ကိုယ်ပိုင်လုပ်ငန်းအသီးသီးနဲ့ပါ။

ကျန့်ယွင်လေး အသက်၅နှစ်မှာ အမေကရုတ်တရက်ကြီး သေဆုံးသွားခဲ့တယ်။ ဘာလို့မှန်းမသိခဲ့ဘူး။ ဆရာဝန်တစ်ချို့က မတည့်တာစားမိလို့ သွေးအဆိပ်သင့်ခဲ့တာတဲ့။ အဖေက တစ်လအတွင်း နောက်မိန်းမတစ်ယောက်ကိုလက်ထပ်ခဲ့တယ်။ သူတို်ကအစတော့ ကျန့်ယွင်အပေါ်ကောင်းပါတယ်။

ဆေးစစ်ချက်အဖြေမထွက်ခင်အထိပေါ့။ လူတိုင်းကိုယ့်ရဲ့ မျိုးရိုးဗီဇဖြစ်တဲ့ ABO ( Alpha,Beta,Omega) ကိုအသက်၅နှစ်မှာ စစ်ရတယ်။ အဖေကသာမန်Alpha တစ်ယောက်ဖြစ်ပြီး အမေကသွေးသန့်Omega ဖြစ်တယ်။ သူတို့ကလေး ကျန့်ယွင်လေးမှာ Omega လို့အဖြေထွက်လာတော့ မိထွေးနဲ့အဖေတို့ရဲ့ စိတ်ဓာတ်အမှန်တွေ ပေါ်ထွက်လာတော့သည်။

ကလေးကို တားမြစ်ထားတဲ့ ဆေးတွေတိုက်ပြီး Omega ဟော်မုန်းတွေမထွက်အောင် တားကြတော့တယ်။ တားမြစ်တဲ့ဆေးတွေက ကလေးတွေနဲ့လုံးဝမသင့်တော်ဘူး။ ဒါအြပြင်အားပြင်းတဲ့ ဆေးတွေကိုပါ သွေးကျောတွေအတွင်း ထိုးသွင်းတော့သည်။ ငယ်စဥ်ကတည်းကတစ်ယောက်ထဲ ပိတ်လှောင်ခံထားရတဲ့အပြင် Omega နဲ့ပတ်သက်တဲ့ ပညာပေးတွေကိုလုံးဝ မသင်ကြားပေးခဲ့ဘူး။ ဘာလို့ဆို omega တစ်ယောက်လို ပြုမူနေမှာစိုးလို့တဲ့။

ဆရာတွေကိုအိမ်မှာခေါ်သင်ပြီး အတန်းတင်စာမေးပွဲတွေဖြေစေတယ်။ အသက်၇နှစ်ကစ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ခိုင်းခဲ့တယ်။ သေချာတာပေါ့ omega တစ်ယောက်လို သေးသေးကွေးကွေး ဖြစ်မနေအောင်ပေါ့။

နောက်ဆုံးအထက်တန်းနောက်ဆုံးနှစ်ကို အွန်လိုင်းပေါ်ကနေဖြေခဲ့တယ်။ သူတို့နိုင်ငံက တက္ကသိုလ်တွေကို လက်တွေ့သင်ကြားပေးတယ်။ ဒါကြောင့်ကျန့်ယွင်လေးက ပထမဆုံးလူတွေအများကြီးရှိတဲ့ ကျောင်းကိုသွားဖို့ဖြစ်လာခဲ့သည်။ အဆူအပူ၊ အကျိန်းအမောင်း၊ အရိုက်နှက် များစွာခံလာခဲ့ရတဲ့ ကျန့်ယွင်လေးက omega တစ်ယောက်လိုမဟုတ်ပဲ ခန္ဓာကိုယ်တောင့်တင်းပြီး Alpha တစ်ယောက်လိုကြီးပြင်းလာခဲ့တယ်။

I never said " Alpha "Where stories live. Discover now