🖤 ငါက တုံးတာမဟုတ်ပါဘူး 🖤

1K 98 1
                                    

|| Unicode ||
Chapter - 6

နေ့လည်ချိန်ရောက်တော့ ကျန့်ယွင်တစ်ယောက် နိုးလာခဲ့တယ်။ ထတာနဲ့ ဗိုက်ထဲဟာလာဟောင်းလောင်း ဖြစ်နေတာခံစားမိသည်။ ဒီရောက်မလာခင်အကြောင်းတွေ ပြန်စဥ်းစားရင် စိတ်လှုပ်ရှားလာမိတယ်။ အခုရောက်နေတဲ့ အခန်းကိုကြည့်ပြီး အထင်ကြီးမိသွားသည်။

နေရာတိုင်းမှာ တန်ဖိုးကြီးအသုံးအဆောင်တွေနဲ့ ဖွဲ့စည်းထားတယ်။ သူတို့ ပင်မကျန်းအိမ်တော်ကြီး ထပ်တောင်ခန်းနားသေးတယ်။ ဒါတောင်အခန်းတစ်ခုလေးသာ တစ်အိမ်လုံးဆို....

ကျန့်ယွင်လေး အိပ်ရာပေါ်ကနေ ဆင်းလိုက်သည်။ သူ့မှာရှပ်အကျီ်တစ်ထည်သာ ဝတ်ဆင်ထားတယ်။ ခြေထောက်တွေက အနည်းငယ်စပ်ဖြင်းဖြင်း ဖြစ်နေတာကိုခံစားမိတော့ ငုံ့ကြည့်လိုက်သည်။ သူ့ခြေထောက်နဲ့ ပေါင်တစ်ဖက်မှာ ရှိတဲ့လောလောလက်လက် ဒဏ်ရာတစ်ချို့ကို ဆေးလိမ်းထားတာပဲ့။

ဒါကသူ့အဖေ တုတ်ကောက်နဲ့ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေပဲ့။

" ဆေးတွေပေသွားမှာစိုးလို့ အဝတ်တစ်ထည်ပဲ ဝတ်ပေးထားတာထင်တယ် "

ကိုယ့်အတွေးနဲ့ကိုယ် အဆင်ပြေနေရင်း အိမ်အောက်ထပ်ကိုဆင်းမလို့ တံခါးအနားကိုလျှောက်သွားလိုက်တယ်။ တစ်ချိန်တည်း သူ့ခန္ဓာကိုယ်မှာ အခုထိအပူချိန်မလျော့သေးဘူးဆိုတာ သိလိုက်ရသည်။

" ငါအခုထိ ကိုယ်ပူနေတုန်းပဲ့..."

ဒိန်း...( တံခါးနဲ့ခေါင်းဆောင့်သံ)

ကျန့်ယွင်တံခါးနားအရောက် အပြင်ကနေရိဖေးကအရင် တံခါးဖွင့်လိုက်တာမို့ ကျန့်ယွင်ခမျာအနောက်လန်သွားရပြန်တယ်။ တော်သေးတာက ရိဖေးလက်မြန်လို့ပဲ့ သူကလက်တစ်ဖက်ကို ကျန့်ယွင်ခါးအောက်သွင်းပြီး လှမ်းဖက်ရင်းထိန်းပေးလိုက်တယ်။ ရိဖေးရဲ့ လောက်လက်တစ်ဖက်က စားစရာတစ်ချို့တင်ထားတဲ့ လင်ဗန်းတစ်ခုကို ကိုင်ထားသေးသည်။

" ကျန့်ယွင်...မင်းဘာလို့ဒီလောက် ကံဆိုးရတာလဲကွာ...ပြကြည့်ထိခိုက်မိသွားသေးလား "

ရိဖေးက ​စားစရာတွေကို အမြန်ချလိုက်ရင်း ကျန့်ယွင်ကို ခုံပေါ်ထိုင်စေရင်း တိုက်မိသွားသည့် နဖူးကိုစစ်ဆေးနေသည်။ ရိဖေးရဲ့စိတ်ထဲမှာ ဒေါက်တာချင် ပြောသွားတဲ့ ' သူက omega တစ်ယောက်ထပ်တောင် အားနည်းတဲ့သူပဲ့။ ' ဆိုတဲ့စကားကို စွဲနေတာဖြစ်သည်။

I never said " Alpha "Where stories live. Discover now