Part (2)

1.1K 86 0
                                    

<Unicode>
မနက်ခင်းနိုးလာတော့ကျနော်ရောက်နေသည်ကရင်ခွင်ကျယ်ကြီးတခုထဲတွင်ပင်။မောင်ရဲ့ရင်ခွင်ကကျနော့်အတွက်တော့အချိန်တိုင်းနွေးထွေးပေသည်။အိပ်နေတဲ့မောင့်ရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်နေမိသည်။သွယ်လှတဲ့မျက်ခုံး၊ဖြှောင့်ဆင်းတဲ့နှာတံ၊မို့မောက်သောမျက်လုံး၊ပန်းရောင်သန်းနေသောနှုတ်ခမ်းဖူးတစုံ၊ဘာအပြစ်အနာစာမှမရှိတဲ့မောင့်ရဲ့မျက်နှာလေးကိုကြည့်နေမိသည်မှာအတော်ပင်ကြာသွားသည်။ခနကြာတော့မောင့်ကိုယ်လေးကအနည်းငယ်လှုပ်ရွလာကာမောင်နိုးလာသည်။ကျနော်ရောသူပါထထိုင်လိုက်ကာမောင်က...

"နိုးတာကြာပီလား.....ထည်ဝါ"

"ဟင့်အင်း..ခုလေးတင်မှနိုးတာ....ထတော့လေရေချိုးမယ်ကျောင်းသွားရအုံးမယ်.."

"အကိုယ်တော်..ဒီနေ့ဘာနေလဲ?"

"ဘာနေ့မို့လို့လဲ?.."

"အော်..ဒီနေ့စနေနေ့ကျောင်းပိတ်တယ်လေ...မင်ကဘယ်ကျောင်းကိုသွားမလို့လဲ?"

"အော်..ဟုတ်သားပဲ..ဟီး..ဟီး"

"ဒီနေ့ငါတို့ကန်ဘောင်သွားကြမယ်"

"အင်း..ကောင်းသားပဲ..ရေသွားချိုးကြမယ်..ဘယ်သူအရင်ချိုးမှာလဲ?"

"မင်းအရင်သွားလိုက်ပါ..ငါအိပ်ရာသိမ်းထားလိုက်မယ်"

"အင်း..အင်း"

ကျနော်လဲအိပ်ရာမှထကာရေချိုးခန်းသို့ဝင်ကာရေချိုးလိုက်သည်။ရေချိုးခန်းမှထွက်လာတော့မောင်ကအရှေ့တွင်သဘက်ကိုင်ကာစောင့်နေကာကျနော့်ကိုသဘက်ပေး၍ရေချိုးခန်းထဲဝင်သွားလေသည်။ကျနော်လဲကုတင်ဆီပြန်လာတော့ကုတင်ပေါ်တွင်ကျနော်အတွက်အဝတ်စားတေကြိုထုတ်ထားပေးလေသည်။ကျနော်လဲသူထုတ်ထားပေးသည်များကိုဝတ်၍အောက်ထပ်သို့ဆင်းလာကာထမင်းစားခန်းသို့ဝင်လိုက်သည်။

"နိုးပီလားသား.."

"ဟုတ်မေမေ.."

"မေမေ..မနက်စာပြင်ထား​ပေးတယ်စားလိုက်နော်..မေမေအလုပ်သွားတော့မယ်"

"မေမေ..သားပီးရင်ပေါလူနဲ့ကန်ဘောင်သွားမလို့အဲ့တာ.."

"အင်း..သွားလေ..ညနေကျူရှင်ရှိတယ်မလား..နောက်မကျစေနဲ့''

မောင်(Completed)Where stories live. Discover now