<Unicode>
ဒီနေ့ကျနော်အိမ်အတွက်လိုအပ်တာတေဝယ်ဖို့စျေးသို့ထွက်လာခဲ့တယ်။စျေးထဲရောက်တော့မောင့်နဲ့ရုတ်တရက်မျက်နှာချင်းဆိုင်တွေ့လိုက်တယ်။မတွေ့တာကြာလို့လားမသိဘူးမောင့်ကိုကြည့်လို့မဝဘူးဖြစ်နေတယ်။ပိန်သွားလိုက်တာမောင်ရယ်ဘယ်လောက်တောင်စိတ်ဆင်းရဲနေရလဲမသိဘူး။"စျေးလာဝယ်လာတာလား ထည်ဝါ "
"အင်း.."
"မတွေ့တာတောင်ကြာပီနော်.."
"အင်း..."
"အဆင်ပြေရဲ့လားဆယ်တန်းအောင်သွားတယ်လို့ကြားတယ်.."
"အင်း...."
"Sorry ပါစကားမပြောချင်ဘူးထင်တယ် ဒါဆိုငါသွားတော့မယ်နော်.."
"အာ...မဟုပါဘူး...ရုတ်တရက်ဆိုတော့ဘာပြန်ပြောရမလဲမသိလို့ပါ..."
"ထားလိုက်ပါ..ငါနားလည်ပါတယ်..ပြန်တော့မှာလား.."
"အင်း.."
"ငါနဲ့အတူပြန်မလားအဖော်ရအောင်ပါ..အဆင်ပြေရဲ့လားဟမ်.."
"အင်းရပါတယ်.."
တလမ်းလုံးမောင်ကကြီးပဲစကားတေပြောလာခဲ့တာကျနော်ကအင်း အဲနဲ့သာပြောနေမိတယ်။မောင်နဲ့ခုလိုလေးစကားမပြောရတာကြာတော့ဘာပြောရမှန်းလဲမသိတော့ပါ။မောင့်ရဲ့ချိုသာတဲ့အသံလေးကိုသာရင်ထဲစွဲနေအောင်နားထောင်နေမိတယ်။
"အိမ်ရောက်ပီဆိုတော့ဝင်တော့နော်ထည်ဝါ.."
"ဟင်..အင်း.."
"ငါသွားတော့မယ်နော်.."
"အင်း...ဂရုစိုက်ပြန်.."
အိမ်ထဲရောက်တော့ဝယ်လာသည်များကိုစနစ်တကျထားကာချက်စရာရှိသည်များကိုချက်နေလိုက်တယ်။ဘာရယ်ကြောင့်မှန်းမသိစိတ်ထဲတွင်အရင်လိုလေးပင်မနေတော့ပဲပေါ့ပါးလန်းဆန်းနေတော့တယ်။
တဖက်တွင့်......
"ကိုကို..."
"သီတာ.."
"ခုနကလူကထည်ဝါမလား.."
"ဟုတယ်ဘာဖြစ်လို့လဲ...."
"သူ့ကိုမတွေ့တာကြာပီနော်သူတော်တော်ခေျာလာတယ်..."
"အခုဘယ်ကပြန်လာတာလဲ.."