Part (4)

942 69 2
                                    

<Unicode>
မောင်ကအတန်းပြန်နှင့်ပါလို့ပြောတာမို့ကျနော်အတန်းထဲသို့ပြန်ဝင်လာကာခုံတွင်ဝင်ထိုင်ကာမှောက်အိပ်နေလိုက်တယ်။ထိုအချိန်ခေါင်းပေါ်ကိုတခုခုလာထိခိုက်မိသလိုမျိုးနာကျင်သွားသဖြင့်ထကြည့်လိုက်မိတော့ဘေးတွင်ရေသန့်ဘူးအခွံ..

"ဘယ်သူပစ်လိုက်တာလဲကွ....နာလိုက်တာကွာ.."

"ငါပစ်တာကွာဘာဖြစ်ချင်လို့လဲ"

အရှေ့တန်းမှကျနော်နဲ့မတည့်တဲ့ကောင်ပင်။သူကကျနော့်ကိုကြည့်ရမဖြစ်နေသည်မှာ၆တန်းနှစ်လောက်ထဲပင်အကြောင်းတခုမဟုတခုဖြင့်ရန်ရှာတတ်သည်။

"ဘာလို့ပစ်တာလဲ..ငါ့ဘာသာအိပ်နေတာလေ..မင်းကိုဘာလုပ်လို့လဲ.."

"စောက်မြင်ကပ်လို့....မင်းကိုအရင်ထဲကစောက်မြင်ကပ်တာ..အခုပိုပီးစောက်မြင်ကပ်သွားပီဟျောင့်.."

"ဟ...ဘလိုင်းကြီးပါလား..ငါဘာလုပ်မိလို့အဲ့လောက်တောင်ဖြစ်နေတာလဲ.."

"မင်းဘာလုပ်လဲဟုလာ...မင်းငါကြိုက်နေတဲ့ယုကိုလိုက်မြူစွယ်နေတာလေ.."

"ဘာရယ်..."

"ဟုတယ်..သူကမင်းကိုကြိုက်နေလို့ငါ့ကိုချေနေတာ..အဲ့တာကိုမင်းကအခွင့်ကောင်းယူပီးမြူစွယ်နေတာလေ.."

"ဒီမှာမင်းပေါက်ကရမပြောနဲ့..ငါကယုကိုစိတ်ထဲတောင်ရှိတာမဟုဘူး..ငါ့လာကြိုက်လဲငါပြန်မကြိုက်ဘူး..ရှင်းလား.."

"မင်းကိုသတိပေးထားမယ်..ယုနဲ့ကင်းကင်းနေ"

"မင်းယုကသာငါ့ကိုလိုက်ကပ်နေတာလေ..ငါကကို့ဘာသာပဲနေနေတာ.."

"တောက်.."

ခွပ်.....

ရုတ်တရက်ကျနော်မျက်နှာပေါ်ကျရောက်လာသောလက်သီးတချက်ကြောင့်ကျနော်ဖင်ထိုင်ရက်လဲကျသွားတော့တယ်။

"ထည်ဝါ...ရရဲ့လား.."

"ပေါလူ..."

"အားလိ..ထည်ဝါကိုခဏကြည့်ထားပေး.."

ဟုဆိုကာကျနော်ကိုအားလိဘေးမှာထိုင်ခိုင်းပီးဝယ်လာသောမုန့်များကိုပေးကာစားခိုင်းလေသည်။

"ဟျောင့်..မင်းဘာဝင်ရှုပ်တာလဲ..ပေါလူ."

"ငါတောင်မထိရက်တဲ့ထည်ဝါ့ကိုမင်းကထိုးတယ်ပေါ့..."

မောင်(Completed)Where stories live. Discover now