<Unicode>
ပေါလူ ဘာလုပ်လာလဲ""ခနလေးပဲ...ခနလေးပဲဒီလိုလေးနေချင်လို့ပါ.."
ဟုဆိုကာမောင်ကကျနော့်ပါးကိုနမ်းလိုက်လည်တိုင်ကိုနမ်းလိုက်လုပ်နေသည်။ကျနော်လဲအစကရုန်းမိပေမယ့်နောက်ကျတော့ဘာရယ်ကြောင့်မှန်းမသိမရုန်းမိတော့ပဲသူ့စိတ်တိုင်းကျလုပ်ခွင့်ပေးလိုက်သည်။ခနကြာမှနမ်းနေတာကိုရပ်လိုက်ပီးကျနော်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ကာအကြည့်ချင်းဆုံစေသည်။
"ပေါလူ မင်းဘာတေဖြစ်နေတာလဲဟင်..ပြသနာတခုခုရှိလို့လား?"
"ဟင့်အင်း..မရှိပါဘူး...ငါဒီလိုလေးခနနေချင်လာလို့ပါ"
ဟုဆိုကာတဖန်ပြန်ဖက်ပြန်တော့ကျနော်လဲအလိုက်လေးပြန်ဖက်ထားလိုက်သည်။
"ပေါလူ..ငါဗိုက်ဆာတယ်တခုခုသွားစားရအောင်လေ"
"အော်..အင်း..လာအောက်ထပ်သွားကြမယ်"
အောက်ထပ်ရှိမီးဖိုခန်းထဲရောက်တော့ထမင်းဟင်းချက်ရန်စတင်ပြင်သည်တော့သည်။
"ပေါလူ..ငါပုဇွန်လုပ်ထားပေးမယ်..မင်းကြက်သွန်ထောင်းပေး.."
"အေး.."
မောင်နဲ့ကျနော်တက်ညီလက်ညီဖြင့်ညစာချက်ကာအတူတူစားရသည့်ခံစားချက်မှာပြောမပြတတ်အောင်ကို့ကြည်နူးမိရသည်မှာအမှန်ပင်။ညစာစားပီးနောက်အခန်းထဲဝင်ကာရေချိုးဖို့ပြင်နေချိန်မောင်ကတော့ကတိအတိုင်းကနော်လွယ်အိတ်ထဲမှာစာအုပ်များကိုထုတ်ကာအိမ်စာများလုပ်ပေးနေတော့သည်။ကျနော်ရေချိုးခန်းထဲဝင်နေသည်မှာဘယ်လောက်တောင်ကြာသွားတယ်မသိမောင်ကစားပွဲပေါ်ခေါင်းမှောက်ကာအိပ်ပင်ေပျာ်နေတော့သည်။
"ပေါလူ...ပေါလူ..ထ..ထ..အိပ်ရာပေါ်သွားအိပ်လေကွာ..ငါမင်းကိုမချီနိုင်ဘူး.."
"အင်း...အော်..အေး...ဟိုမှာမင်းအတွက်အင်္ကျီထုတ်ထားပေးတယ်..ရော့သဘက်"
ဟုဆိုကာကြိုယူထားသောသဘက်အားကျနော်ပေး၍ကုတင်ပေါ်တက်သွားသည်။ကျနော်လဲညအိပ်ဝတ်စုံကိုဝတ်ကာမောင့်ဘေးတွင်ဝင်လှဲလိုက်တော့မောင်ကအလိုက်သင့်ဖက်ထား၍နှဖူးကိုအကြင်နာခြွေလေတော့ရင်ထဲတမျိုးကြီးခံစားလိုက်ရသည်။