အခန်း◀၀၉▶

1.3K 199 22
                                    


___________________________________________________________________________________________

'' အားပါး ... လူတွေများလှချည်လား ... ''

တမန် စည်ကားလှသော လူပရိသတ်ကိုကြည့်ကာ ရေရွတ်မိသွားရသည်။

သူသွားရမယ့်ခြံက လမ်းအတွင်းဘက်ထဲအတော်ကျသည်။လမ်းကလည်း သိပ်ကျယ်ကျယ်ကြီးမဟုတ်။ကားနှစ်စီးချောင်ချောင်ရှောင်လို့ ရရုံပဲ။ရပ်ကွက်ကတော့ ခပ်သန့်သန့် ဆိတ်ငြိမ်ရပ်ကွက်ပါပဲ။ခြံတွေကလည်း တနံတလျား အကျယ်ကြီးတွေနဲ့။အိမ်တွေကလည်း အနောက်ကို ဆုတ်ပြီးဆောက်ထားကာ ခြံဝကလှမ်းအော် ရင်တောင် အိမ်ထဲကကြားနိုင်ဖို့ မလွယ်။ ဒါကြောင့်မို့ တမန်ရှာနေတဲ့ခြံက လမ်းထိပ်က စရေရင် လေးခြံမြောက်လောက်ပဲ ဖြစ်တာတောင် လမ်းထဲကိုအများကြီးဝင်နေရ၏။ဟိုး ရပ်ကွက်ထိပ်ကစပြီး...လမ်းဘေးဝဲယာနှစ်ဖက်မှာ ကားတွေတန်းစီရပ်ထားသည်။ဝင်လို့ရတာပင် တော်ပါ သေး။မဟုတ်ရင် ကားကိုထိပ်မှာရပ်ပစ်ခဲ့ပြီး..... အထဲကိုလမ်းလျောက်ဝင်ရရင် သေပါရော။

ဖြည်းဖြည်းချင်း ဘီးလိမ့်ရုံ မောင်းရင်း... ဘေးဘက်က ကားတွေကို ကြည့်လာခဲ့သည်။ဒီကားတွေ အကုန်လုံးက ဒီမွေးနေ့ပွဲကို လာကြတဲ့လူတွေ ချည့်ပဲလား။တစ်ခါမှ မရောက်ဖူးပေမယ့်.. ဘယ်ခြံလဲဆိုတာ မေးဖို့မလို အောင်ပင်... မွေးနေ့ပွဲကျင်းပရာ ခြံက ဆူညံစည်ကားနေသည်။မသိရင် ဈေးရောင်းပွဲတော် တို့ဘာတို့လို ပွဲတစ်ခုခုပင်ရှိနေသည့် နှယ်။ပြွတ်သိပ်ကျပ်သိပ်ကြားထဲ ကားရပ်ဖို့ နေရာပင် ရှာမတွေ့နိုင်..... ခြံကိုကျော်ကာ အတော် ဝေးဝေးထိ မောင်းလာပြီးမှ... မှောင်ရိပ် ခပ်ကျကျ တစ်နေရာမှာ ကားကိုရပ်ခဲ့ရကာ မီးပန်းကုံးတွေ လှပထိန်ငြီးနေအောင် သွယ်တန်းထွန်းညှိထားသော ခြံထဲကို တမန်အနည်းငယ်အူကြောင်ကြောင်နိုင်စွာပဲ လမ်းလျောက်ဝင်လာခဲ့ရလေ၏။

ဒုက္ခပဲ ... ချာတိတ်ပေါက်စတစ်ယောက်ရဲ့ မွေးနေ့ပွဲပဲဆိုကာ ... ပူဖောင်းလေးတွေဘာလေးတွေချိတ်ဆွဲ ... သီချင်းလေးဖွင့်ပြီး ကိတ်ကလေးလှီး ... ဒါလောက်ပဲလို့ အထင်အမြင်ရှိထားရာက တကယ့်ဂရိတ်ပွဲကြီးကြီးနဲ့လာတွေ့နေပြီ။ညနေကလည်း လိုက်ပို့ခဲ့တာ မဟုတ်တော့ အခြေအနေကိုမသိ။မဏိကို သွားကြိုပေးဖို့ အန်တီစကား ဖုန်းလှမ်းဆက်တာမို့ တမန်က ခြံထဲမှာ အလုပ်လုပ်တဲ့ဝတ်စုံနဲ့ ရေမချိုးမိုးမချိုး ဒီအတိုင်းထလာမိတာ။ရုပ်က စုတ်နေတော့မှာပဲ။သားနားသပ်ရပ် ကျော့မော့နေကြသူတွေကြားမှာ ကိုယ်က စုတ်စုတ်ပြတ်ပြတ်ဖြစ်နေလို့ ရှက်တော့မရှက်ပါ။သူများတကာပွဲကို အလေးမထား မထီမဲ့မြင်ပုံမျိုးဖြစ်နေမှာပဲစိုးရိမ်တာပါ။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now