Chapter 7 ~Give me your hand and hold me~

2.3K 169 8
                                    

~Hold my hand and do not be afraid of anything. I will be by your side~

​စာမေးပွဲဖြေပြီးလို့တစ်ပတ်မှာတင်ကိုပဲမယ်လွန်ဘော်ဒါသွားဖို့ဖြစ်လာသည်။ ကြိုတင်ပြီးသွားနေတော့ပိုကောင်းတာပေါ့ဆိုတဲ့အကြောင်းပြချက်နဲ့ဖြစ်သည်။ ဖေဖေမေမေနဲ့တော့တစ်ခဏလေးတောင်မခွဲချင်ပေမယ့်လို့သူမြန်မြန်ထွက်သွားချင်နေသည်။ စာမေးပွဲဖြေပြီးကတည်းကမယ်လွန်ကလူတိုင်းနဲ့အဆက်အသွယ်ဖြတ်ပြီးတစ်ယောက်တည်းအိမ်ထဲမှာသာအချိန်ကုန်နေတတ်သည်။ ဒီအတောအတွင်းမှာလည်းသူဇိုးနဲ့မတွေ့ဖြစ်ဘူး။ အခုတော့အားလုံးနဲ့ဝေးတဲ့တစ်နေရာကိုသူထွက်သွားရတော့မှာမို့နည်းနည်းတော့ဝမ်းနည်းမိသည်။

"သား ဘာကျန်ခဲ့သေးလဲ"

"မကျန်တော့ဘူးမေမေ"

"မေမေမလိုက်တော့ဘူးနော်။ မင်းအဖေကိုပဲလိုက်ပို့ခိုင်းလိုက်မယ်"

သူမမလိုက်သည့်အကြောင်းအရင်းကသူမသားကိုနှစ်ခါမခွဲချင်၍သာဖြစ်သည်။ သူမသားနဲ့ခဏတာခွဲနေရမယ်ဆိုတဲ့အတွေးနဲ့ဆွဲထားမိမှာစိုး၍စိတ်ဖြတ်ကာအိမ်မှာတင်ကျန်နေခဲ့ရန်ဆုံးဖြတ်လိုက်သည်။

သူအိမ်ကနေထွက်လာတဲ့ချိန်မှာမေမေကသူ့ကိုဝမ်းနည်းတဲ့မျက်နှာနဲ့လှမ်းနှုတ်ဆက်လာသည်။ မယ်လွန်ကသူရဲ့လှိုက်တတ်လာတဲ့ဝမ်းနည်းတဲ့စိတ်ကိုတင်းခံ​ပြီးမေမေ့ကိုပြုံးပြနှုတ်ဆက်​သည်။ သူ့ရဲ့ဝမ်းနည်းတဲ့ပုံရိပ်ကိုမေမေ့စိတ်ထဲစွဲပြီးမကျန်နေစေချင်တာကြောင့်ဖြစ်သည်။ သူကားပေါ်တက်ဖို့ပြင်တော့အန်တီနွယ်နဲ့ဦးလေးဟန်ကတောင်ထွက်လာပြီးလှမ်းနှုတ်ဆက်လေသည်။ သို့သော်မယ်လွန်မျက်လုံးတွေဟာဂနာမငြိမ်ဖြစ်နေခဲ့သည်။ သူ့ကိုလှမ်းနှုတ်ဆက်နေတဲ့သူတွေအပေါ်အကြည့်တို့ကရှိမနေဘဲမရှိတဲ့သူကိုရှာဖွေနေခဲ့သည်။ ခဏနေတော့အိမ်ထဲကနေထွက်လာတဲ့ဇိုးကိုမြင်လိုက်ရသည်။ သူ့ကိုလာနှုတ်ဆက်တဲ့သူတစ်ယောက်ဟန်မဟုတ်တဲ့မျက်နှာအမူအရာကိုတွေ့ရသည်။

"သား မယ်လွန်လေးကိုနှုတ်ဆက်လိုက်ဦးလေ"

အန်တီနွယ်ကဇိုးကိုပြောလိုက်တာကြောင့်လားမသိပေမယ့်ဇိုးကသူ့လက်ကိုဆွဲပြီးလူကြီးနဲ့ဝေးရာခြံထောင့်တစ်နေရာကိုဆွဲခေါ်လာသည်။ မျက်နှာမှာခက်ထန်သောအမူအရာနဲ့မျက်လုံးမှာမြင်နေရတဲ့စူးရှတဲ့အကြည့်တွေအပြည့်နဲ့ပင်သူ့ကိုစိုက်ကြည့်ပြီးစကားပြောလာသည်။

Fat Representation in♥Romance (Completed)Where stories live. Discover now