Chapter 16 ~I've never seen you as my friend~

1.9K 120 8
                                    

~Your SMILE makes me feel better~

လူကြားသူကြားထဲမှာလည်းသူ့နာမည်အကျယ်ကြီးအော်ခေါ်ပြီးလူကိုအသလွတ်ကြီးလာပြီးစိတ်တိုနေတာမို့မယ်လွန်သည်းမခံပေးနိုင်တော့တာကြောင့်ဇိုးနဲ့အခြေအတင်ဖြစ်ရသည်။ ဇိုးကဘာမှဆက်မပြောတော့ဘဲသူ့ကိုကားပေါ်ဆွဲတင်​နေသည်။ ဒီလိုမျိုးဖြစ်နေတဲ့အခြေအနေမှာဇိုးနောက်ကိုမယ်လွန်မလိုက်ချင်ဘူး။ မယ်လွန်ကားပေါ်မတက်ချင်တာကြောင့်ငြင်းဆန်လိုက်သည်။

"မင်းမတက်ရင်ဒီလူကြားထဲမှာငါဘာလုပ်မိမလဲမသိဘူးနော်"

ဇိုးသူ့ဒေါသကိုသူသိသည်။ သူဘယ်လောက်အတိုင်းအတာထိစိတ်တိုနေတယ်ဆိုတာသူ့ကိုယ်သူသိတာမို့မယ်လွန်ကိုသတိပေးလိုက်သည်။

"ဇိုး...မင်းနှင်းနဲ့စိတ်ဆိုးရန်​ဖြစ်တာကိုဘာလို့ငါ့ဆီစိတ်လာဖြေနေတာလဲ"

ဘာလို့သူ့ကိုဇိုးဒီလောက်ထိစိတ်တိုနေမှန်းမယ်လွန်မသိဘူး။ သူ့အပေါ်ဒီလောက်ထိဇိုးကြမ်းကြမ်းတမ်းတမ်းမဆက်ဆံခဲ့ဖူးဘူး။

"ကားပေါ်တက်လို့ပြောနေတယ်"

ငါစိတ်ဆိုးနေတာနှင်းကြောင့်မဟုတ်ဘူး။ နှင်းနဲ့အခုတလောအဆင်မပြေတာမှန်ပေမယ့်အဲ့အတွက်ငါ့စိတ်ကဒီလောက်ထိမဟုတ်နေဘူး။ အခုဖြစ်နေတဲ့ဒေါသကမင်းကြောင့်မို့စကားနားထောင်စမ်းပါမယ်လွန်ရာ။

"ငါမင်းကားပေါ်မတက်နိုင်ဘူး"

မယ်လွန်လည်းတင်းခံကာငြင်းဆန်လိုက်သည်။ ဇိုးကသူ့အပေါ်ဆိုတစ်ကယ်နိုင်စားလွန်းသည်ကိုမယ်လွန်သိပေမယ့်သူ့ရဲ့စိတ်ကလိုက်လျောချင်မှုကြောင့်သည်းခံပေးခဲ့သည်။ ဒါပေမယ့်တစ်ခြားလူအတွက်ကြောင့်နဲ့သူ့အပေါ်လာအနိုင်ကျင့်နေတာကိုတော့မယ်လွန်ဘယ်လိုမှသည်းမခံပေးနိုင်ဘူး။

ဇိုးကသူ့ရဲ့ငြင်းဆန်မှုကြောင့်သူ့အနားတိုးလာ​ပြီးသူ့ကိုကောက်ပွေ့လာတော့ရုတ်တရတ်သူ့ခန္တာကိုယ်ကလေပေါ်မြောက်သွားတာမို့မယ်လွန်လန့်သွားသည်။

"ဇိုးငါ့ကိုပြန်ချပေး"

"ငါမင်းကိုပြောထားပြီးသား။ အေးဆေးမတက်ရင်ငါဘာလုပ်မိမယ်မသိဘူးလို့"

Fat Representation in♥Romance (Completed)Where stories live. Discover now