Chapter 10 ~Hello Friday, I'm Jack~

2.3K 143 6
                                    

~Nice to meet you~

မြန်မာစာဌာနကိုသောကြာခြေချတာဒီနေ့ကဒုတိယနေ့ဖြစ်သည်။ သူဘယ်လိုဖြစ်ပြီးမြန်မာစာမေဂျာကိုယူခဲ့မှန်းသူ့ကိုယ်သူတောင်စဥ်းစားလို့မရဘူး။ နှင်းကတော့သူဆုံးဖြတ်ချက်မှာတစ်စိတ်တစ်ပိုင်းပါဝင်တာမှန်ပေမယ့်တစ်ကယ်တမ်းကျတော့လည်းဇိုးလည်းရှိနေတာကြောင့်ရယ်အိမ်နဲ့လည်းနီးနေတာကြောင့်ရယ်လည်းပါသည်။ သို့သော်သူ့အတွက်ပတ်ဝန်းကျင်ကစိမ်းနေသေးသည်။ အတန်းမှာသူခင်ရတဲ့သူကောင်းကောင်းမရှိသေးဘူး။ လူတိုင်းကသူ့အုပ်စုနဲ့သူဖာတိဖာသာနေကြသည်။ သူ့ကိုဆိုမေးထူးခေါ်ပြောရုံသာလုပ်ကြသည်။ သောကြာရဲ့အရင်ကပုံစံဆိုရင်အပေါင်းအသင်းလုပ်ဖို့လွယ်ကူပေမယ့်သူလွယ်လွယ်ကူကူရလိုက်တဲ့အပေါင်းအသင်းတွေကသူ့နားဘယ်တော့မှမမြဲကြဘဲထွက်ခွာသွားလေ့ရှိသည်။ ဒါကြောင့်သောကြာတွန့်ဆုတ်နေမိသည်။ တစ်စုံတစ်ရာကိုအသစ်စတင်ဖို့ခြေလှမ်းစလိုက်တဲ့အချိန်မှာဘာကိုမှမကြောက်ရွှံ့ဘဲရင်ဆိုင်ရမှန်းကိုအသိရှိပေမယ့်လက်တွေ့ကမဖြစ်နိုင်ခဲ့ဘူး။

"Hi"

ဟိုင်းလို့ဆိုလိုက်တာနဲ့ဟိုတစ်ယောက်မှန်းသောကြာကျိန်းသေပေါက်သိလိုက်သည်။ မယ်လွန်သူငယ်ချင်းဖြစ်တာမို့သူ့အကြောင်းတွေများသိနေမလားစိတ်ပူမိသည်။ အတိတ်တုန်းကသူကမယ်လွန်အတွက်ကောင်းတဲ့သူတစ်ယောက်မ​ဖြစ်ခဲ့ဘူးမလား။ အဲ့အတွက်သူနောင်တရပေမယ့်သူ့နောင်တကိုဘယ်သူမှမမြင်နိုင်ဘူး။

"မင်းဒီနေ့နောက်ကျတယ်"

ဂျက်ခ်ကသူ့ကိုစောင့်နေသလိုမျိုးပြောလာသည်။ ဒါပေမယ့်မယ်လွန်သူငယ်ချင်းတွေနဲ့သူနီးကပ်စွာအပေါင်းအသင်းမလုပ်ချင်တာကြောင့်ဖာတိဖာသာသာပြန်ဖြေလိုက်သည်။

"အင်း"

သောကြာအင်းတစ်လုံးတည်းသာဖြေပြီးသူ့ဘေးမှာရှိတဲ့တစ်ယောက်ကိုလစ်လျူရှုလိုက်သည်။ ငါ့အကြောင်းမင်းသိတဲ့တစ်နေ့ငါ့ကိုဒီလိုအရေးတယူခေါ်ပြောနိုင်လောက်ဦးမလားသိချင်သည်။ လူတွေကငါ့ကိုဆိုအပေါ်ယံပဲပေါင်းကြတာကိုငါမလိုချင်ဘူး။

Fat Representation in♥Romance (Completed)Where stories live. Discover now