Chapter 17 ~Stay still, I'll approve of myself~

1.9K 120 8
                                    

~You can always consider me as a friend . But I will not able to be with you for the rest of my life as a friend~

မယ်လွန်သူ့ကိုတီးပြတဲ့သီချင်းက Titanic Intro ဖြစ်သည်။ အခုလိုတီးပြပြီးသူမနည်းရအောင်လေ့ကျင့်ထားရတာလို့အချီးကျူးခံရအောင်ပြောသေးသည်။ ကြိုးကတင်းလို့မနည်းဖိထားရတာအသားမာတွေတောင်တက်တော့မယ်ဆိုပြီးသနားကမားရုပ်လေးနဲ့သူ့လက်ကိုလာပြနေသေးသည်။

"ဘယ်လိုလဲ။ ငါတော်တယ်မလား"

"တော်ပါတယ်။ သင်ပြတဲ့ငါကတော်လို့ဖြစ်မှာပါ"

"မင်းကလည်းငါ့ကိုပဲချီးမွှမ်းပေးလို့မရဘူးလား။ မင်းကိုတီးပြဖို့ငါဘယ်လောက်ထိလေ့ကျင့်ခဲ့ရလဲသိလား"

"ဟုတ်ပါပြီ။ တော်တယ်"

ဇိုးကသူ့ကိုချိုချိုသာသာလေးပြောလာတော့ကြားလိုက်ရတဲ့မယ်လွန်တစ်ယောက်သဘောကျ၍ပြုံးစိစိဖြစ်နေသည်။ ဒီနေ့ဇိုးတော်တော်ထူးဆန်းနေတယ်လို့လည်းမြင်မိသည်။

"ဇိုး မင်းနဲ့နှင်းအဆင်ပြေကြပြီလား။ ငါ့ကြောင့်နဲ့ရန်ဖြစ်ကြသေးလား။ ငါသူ့ကိုရှင်းပြပေးနိုင်ပါတယ်။ မနက်ကနှင်းငါ့ကိုတွေ့တုန်းကငါတစ်ကယ်ဘာမှမသိနေသေးတာ"

"မနက်ကနှင်းမင်းကိုလာတွေ့သေးတာလား။ ဘာတွေပြောသေးလဲ"

"မင်းကိုနှင်းမပြောဘူးလား။ ငါကမင်းသိတယ်ထင်လို့"

"သူမင်းကိုဘာပြောခဲ့လဲလို့မေးနေတယ်လေ"

ဇိုးကသူ့ကိုရုတ်တရက်ကြီးစိတ်ဆိုးတဲ့လေသံနဲ့ပြောနေတော့မယ်လွန်လန့်သွားသည်။

"မင်းနဲ့ငါ့ကိုဘာတွေလဲလို့မေးတယ်။ ဒီလိုကောလဟာလကိုမြင်ပြီးနှင်းဒီလိုမေးတာကမေးသင့်ပါတယ်။ ဒါပေမယ့်မင်းဘာမှစိတ်ပူစရာမလိုဘူး။ မင်းနဲ့ငါကသူငယ်ချင်းတွေလေ။ ဒီလိုမျိုးကဖြစ်လာမယ့်ကိစ္စတွေမှမဟုတ်တာ။ ဟုတ်တယ်မလား။ ကောလဟာလကိုဖြန့်တဲ့သူကလည်းအာရုံစိုက်မှုလိုချင်လို့နေမှာပါ"

"သူတစ်ကယ်မင်းကိုတစ်ခြားဘာမှမပြောသွားဘူးလား"

"ထွေထွေထူးထူးရယ်လို့ဘာမှမပြောပါဘူး"

နှင်းကသူ့ကိုသစ္စာမဖောက်နဲ့လို့ကတိတောင်းသွားတဲ့အပေါ်မယ်လွန်ကတိပေးခဲ့တာကဇိုးအတွက်အရေးကြီးတဲ့ကိစ္စတော့မဟုတ်နိုင်လို့မပြောဘဲထားလိုက်သည်။

Fat Representation in♥Romance (Completed)Where stories live. Discover now