Chapter 14 ~All of my first things belong to you~

2K 135 1
                                    

~He is my lovely beloved friend not my beloved little brother ~

နွယ်မနေ့ကလာလည်တုန်းကသူ့သားဇိုးအကြောင်းလာပြောပြလာသည်။ သူ့သားကမပြောစဖူးကားတစ်စီးပူဆာတယ်တဲ့လေ။ ဒါကိုနွယ်ကပျော်ပျော်ရွှင်ရွှင်ကျေကျေနပ်နပ်နဲ့ပဲမို့သူလည်းသူ့သားမယ်လွန်ကိုကားဝယ်ပေးရမလားလို့​ဒေါ်နန်းမယ်တစ်ယောက်တညလုံးစဥ်းစားကြည့်ရင်းယောကျ်ားနဲ့တိုင်ပင်ဖြစ်သည်။

"သား"

"ဟုတ်မေမေ"

"မေမေကားတစ်စီးဝယ်ပေးရမလား။ ကျောင်းတက်ဖို့လေ"

"ရုတ်တရက်ကြီး"

"သူများတွေနဲ့တန်းတူဖြစ်ရအောင်လေ"

"သားမလိုပါဘူးမေမေရဲ့"

မေမေကထမင်းစားဝိုင်းမှာဇိုးတို့အိမ်အကြောင်းပြောပြလာသည်။ အန်တီနွယ်ကဇိုးကားပူဆာတဲ့အကြောင်းမေမေ့ကိုပြောပြခဲ့လို့သူ့ကိုလည်းဝယ်ပေးရမလားလို့ပြောလာသည်။ တစ်ကယ်တမ်းမယ်လွန်မလိုအပ်တာကြောင့်ငြင်းဖြစ်ခဲ့သည်။

"ဇိုးမနေ့ကကားသွားကြည့်ကြတယ်ဆို"

"အင်း အမေပြောပြတာလား"

"ဟင့်အင်းငါ့မေမေပြောတာ။ အန်တီနွယ်ဆီကကြားလာတာထင်တယ်"

"ဟုတ်မှာပေါ့။ ဘာလို့မေးတာလဲ"

"ဘာမှမဟုတ်ပါဘူး။ ရုတ်တရက်ကြီးမို့မေးကြည့်တာ"

ကျောင်းရောက်တော့နှင်းကအကတိုက်ရမယ်ပြောပြီးထွက်သွားသည်။ အားကစားပြိုင်ပွဲချိန်နီးလာပြီမို့ကိုယ်စီကိုယ်စီကြိုးစားနေကြသည်။ သူတို့ထဲမှာတော့မယ်လွန်ကပုံမှန်အတိုင်းအားယားနေသူဖြစ်နေသည်။ အတန်းချိန်လည်းအရင်လိုလူမဆုံတာမို့သွားတဲ့သူကသွားမသွားတဲ့သူကလစ်နဲ့ထင်တိုင်းကြဲနေသည်။

"ဇိုးမင်းလေ့ကျင့်ဖို့ရှိလား"

"အင်း"

"ငါရောပဲ"

ဇိုးနဲ့အင်းစက်ကထိုသို့ပြောပြီးအားကစားခန်းမထဲက Basketball ကွင်းကိုရောက်သွားသည်။ ဝတ်ရည်တို့ကလည်းလေ့ကျင့်ရေးရှိလို့ပျောက်နေသည်။ မေသစ္စာနှင့်ခန်းစက်ကလည်းစာကြည့်တိုက်နဲ့ညားနေသလိုပင်အဲ့မှာပဲတစ်ချိန်လုံးရှိသည်။ သောကြာနဲ့ဂျက်ခ်ကတော့အမွှာပူးတွေလိုပင်အမြဲတပူးတွဲတွဲမြင်နေရသည်။ ထို့ကြောင့်မယ်လွန်တစ်ယောက်တည်းမို့အတန်းသွားတက်ဖို့ပျင်းလှသည်။ ဘယ်သူမှသူနဲ့အဖော်မရှိတာကြောင့်အားကစားအသင်းထဲမဝင်မိတာတောင်နောင်တရသွားသည်။

Fat Representation in♥Romance (Completed)Where stories live. Discover now