6

2.8K 391 44
                                    

ခြေလှမ်းတွေဟာ ဆိုင်ပြင်ဘက်သို့ ဦးဆောင်တာစူပြီးသားဖြစ်နေသူ။

"ဟဲ့ကောင်လေး! ဒါဘယ်လဲ"

ခက်ထန်မာကြောနေတာမဟုတ်သော်လည်း ဩဇာပြည့်ပါသည့် အရှိန်အ၀ါ​ဖုံးလွှမ်းသော ခပ်ပြတ်ပြတ်အသံကြောင့် သူ့ခြေလှမ်းတွေဟာ တုံ့ခနဲရပ်လိုက်ရသည်။ဟင်းခနဲမြည်သော သက်ပြင်းချသံနှင့်အတူ ဆိုင်ထဲပြန်လှည့်ကြည့်တော့ ၀က်ခြေထောက်တွေကို စွပ်ပြုတ်ရည်အိုးထဲထည့်နေသည့် အဘွား။

"လမ်းထိပ်က ဂိမ်းဆိုင် ခဏသွားမလို့ပါခင်ဗျ"

"မနက်ကလည်း ဆိုင်အတွင်းအပြင် သန့်ရှင်းရေးအကုန်လုပ်ပြီးသွားပြီ... အိုးကိုယ်စားလှယ်ဆီလည်း ဖေကြီးပေးခိုင်းတဲ့ မန်းနီးသွားအပ်ပြီးပြီ...ဖေကြီးကို ရပြီလာမေးတော့ ရပြီတဲ့ သားလုပ်စရာကုန်ပြီတဲ့"

"ကဲ...! အမကြီးကင်မ် ဘာများခိုင်းစားစရာ ကျန်နေပါသေးလဲ ခင်ဗျာ"

လူပေါ်ကြော့လေးဖြစ်နေသည့်တိုင် ဆိုင်အ၀င်၀ကနေ အဘွားရှိရာသို့ လှမ်းပြောနေပုံဟာ အဘွားအတွက်တော့ တကယ်ကို မြင်ပြင်းကတ်ချင်စရာလေးပေ။သို့သော် အမှန်ကို သင်းလေးလုပ်စရာမရှိတော့ သူမ မျက်စောင်းခပ်မှိန်မှိန်ဖြင့်သာ ထိုးစိုက်ကြည့်လိုက်ရင်း။

"ခဏဆိုပြီး တကယ် ခဏမဟုတ်ရင် နင့်ကိုဘာလုပ်ရမလဲ​"

ထိုအခါ နှုတ်ခမ်းဖူးဖူးဟာ နှုတ်ခမ်းထက်မှ အချိုင့်ပိစိလေးပေါ်သည်အထိ စုကြုံ့လာ၏။

"ရော်... စကားကိုတော့ ဒီလိုပဲကောင်းအောင်ပြောရတာပေါ့ အမကြီးကင်မ်ရယ်"

"ဒီနေ့က တစ်ရက်တည်းသော တနင်္ဂနွေလေ...ကိုယ့်မြေးကိုယ်လည်း သနားတော်မူပါဦး...စာတွေလုပ်လိုက် အိမ်အလုပ်တွေကူပေးလိုက်နဲ့ တစ်အိမ်လုံးရဲ့ တာ၀န်တွေကို ထမ်းဆောင်ထားခဲ့ရတဲ့ ​​ဒီမြေးလေးကို ဒီတစ်ရက်တော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ပါတယ်"

"ကြည့်ပါအုံး"

ဆော့ဂျင် သူ့မျက်နှာလေးကို ရှေ့သို့တိုးကာပင့်ပြ၏။လှမ်းလှသော  အကွာအ​ဝေးကြောင့် သူမဟာ မျက်လုံးတွေကို မှေးကျဥ်း၍စူးစိုက်ကာကြည့်၏။ဘာဖြစ်သလဲ ဆိုသည့် ဆူပူချင်နေသယောင်မျက်နှာထားကိုလည်း ဆင်ယင်ထားသေးသည်။

THE 17 Where stories live. Discover now