19

2.9K 366 133
                                    

အထက်တန်း ဒုတိယနှစ်...
ကျနော့် အသက် ၁၇...

အရွယ်ရောက်လာတဲ့ လူငယ်တစ်ယောက်အနေနဲ့ သိသင့်တဲ့အကြောင်းအရာအချို့ကို ခွဲခြားသိမြင်နိုင်ပြီး ရှိသင့်တဲ့ ခံစားချက်တွေရှိနေပြီ...။

ဥပမာ ဖေဖေနဲ့မေမေ့ကြားက စစ်အေးတိုက်ပွဲမှာ ဘယ်အခန်းကဏ္ဍကနေ ငြိမ်ငြိမ်လေးစောင်ကြည့်လို့ ရနိုင်မလဲ ဘယ်အချိန်မှာ ရှောင်ရှားရမလဲဆိုတာမျိုးကို ကျနော်အကဲခတ်တတ်နေပြီ။

စကားတွေ စိတ်လိုလက်ရ မပြောကြ..
မိသားစုတစ်ခုရဲ့ နွေးထွေးမှုကို မမြင်ရ...
မေတ္တာတရားတွေ ကိုယ်စီကိုယ်ငှ ပျက်ကွက်ကြ...။

ဒါပေမဲ့ ကျနော့်အပေါ်တော့ မိဘ၀တ္တရားကျေပွန်​နေကြမြဲ။လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးမြဲ။ထမင်း၀ိုင်းတစ်ခုအတွက် လူစုံအောင် စည်းတစ်ခုထားမြဲပဲ...။

ကျနော်တို့ မိသားစုအသိုက်အမြုံဟာ ဒီအနေထားမျိုးနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းပါတယ်...။

ဒီလို ခပ်အေးအေးဘ၀ကြီးမှာ ကျနော်နေထိုင်တယ်။ပျော်စရာဆိုတာမရှိတာမို့ ကိုယ့်ပျော်ရွှင်မှု ကိုယ့်ဘာသာဖန်တီးယူမိတဲ့အခါ ဂစ်တာတွေဟာ ကျနော့်ဘ၀ထဲ ၀င်လာနိုင်ရင်း သံစဥ်တွေဟာ ကျနော့် အဖော်မွန်တွေ ဖြစ်လာတယ်။ကျနော် ပျော်လာတယ်ပေါ့...။နည်းနည်းပါ...။

ရှင်သန်ခြင်းအဓိပ္ပာယ်တွေ ပြည့်မနေတဲ့ ဘ၀ဆိုပေမဲ့ အရင်ကလို ကလေးတစ်ယောက်ရဲ့ ၀မ်းနည်းအားငယ်စိတ်တွေ လျော့ကျလာနိုင်တယ်။

ဒီလိုနဲ့...
နည်းနည်းလေးပျော်နေနိုင်တဲ့ ကျနော့်ဘ၀ရဲ့အချိုးအကွေ့တစ်ခုကို စကြုံရချိန်ဟာ ဘာနဲ့မှမတူခဲ့...။

"မင်းမလိုက်ချင် မင်းသဘော...သားကိုတော့ ငါခေါ်သွားမယ် ဟိုမှာ အဖေကလည်း သူ့တမျှော်မျှော်နဲ့...."

"သားက မလိုက်ချင်လို့ တမင်အီနေတာကို ရှင်မမြင်တာလား...ကျွန်မသိပါတယ် ရှင့်အဖေနဲ့ ပေးတွေ့စေချင်တာနည်းနည်း...ကိုယ်ပိုင်ပေတံတွေနဲ့တိုင်းထွာမဲ့ ထည်၀ါမှု အယောင်ပြတွေထဲ ကျွန်မသားကို ၀င်ဆံ့စေချင်တာ များများမဟုတ်လား...ကလေးက ငယ်သေးတယ်...ရှင့် လုပ်ငန်းတွေထဲ သူ့ဦးနှောက်သေးသေးလေးနဲ့မမျှတဲ့ နေရာမပေးနဲ့... သူ့စိတ်ထဲ တာ၀န်တစ်ခုလို လေးလံသွားစေဖို့ တွန်းအားမပေးနဲ့ ကျွန်မ'မကြိုက်ဘူး"

THE 17 Where stories live. Discover now