29

1.8K 291 84
                                    

မမြင်ရသည့် ကံကြမ္မာကို သိလိုသမျှ မေးဆန်းချင်သည်။

ချစ်ဦးသူတို့မှာ ပေါင်းဖက်ရဖို့ ကံပါပါရဲ့လား။
လျှောက်နေတဲ့လမ်းတွေမှာ မလှပတဲ့ အဆုံးသတ်ခြင်းတွေ ရှိလာနိုင်ပါသလား။

သေချာပါသည်...။
ဖန်တီးခွင့်ရှိခဲ့လျှင် ပြန်လည်ပြင်ဆင်ခွင့်ကိုလည်း ပေးသနားတတ်ဖို့ ကံကြမ္မာဟာ သင်ယူရအုံးမည်။

... ... ...

အချိန်ကာလတွေဟာ တကယ်ပဲ ရင့်ကျက်ခြင်းတွေကို ခေါ်ဆောင်လာသည်ဆိုလျှင် သူကတော့ ချွင်းချက်ဖြစ်လိမ့်မည်။

ဒေါသထွက်လွယ် ပေါက်ကွဲလွယ် ဆင်ခြင်ဉာဏ်မဲ့နေဆဲ လူငယ်တစ်ယောက်။ဂျွန်ပြောဖူးတဲ့ အနာဂတ်မှ ပန်းတိုင်ငယ်လေးအတွက် ရှိစုမဲ့စုအားအင်နဲ့ကြိုးစားနေရတဲ့၂၄နှစ်အရွယ် ကောင်လေးတစ်ယောက်။

အချစ်ဦးလေးကို တစ်သက်လုံးအတွက် ဖက်တွယ်ထားအုံးမည့် မျှော်လင့်ချက်ရည်သန်လွန်းသူအဖြစ် သူဟာ  ရှင်သန်နေဆဲပါ။

သိုသိုသိပ်သိပ်နေခဲ့ပေမဲ့ ညဘက်တွေ ခိုးထွက်တတ်မြဲ...အိမ်ပြန်ချိန်တွေ နောက်ကျမြဲ...ဘယ်သူ့ကိုမှ ငဲ့မကွက်ဘဲ ပျော်ခဲ့ရသည့် အပျော်ဟာ အပြည့်အ၀မဟုတ်သဖြင့် ရင်ထဲမှာ သက်ပြင်းမောတွေ နေရာယူထားမြဲ။

ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့သောနှစ်တွေအတွင်း သိုသို၀ှက်၀ှက်လေးနဲ့ ပျော်ခဲ့ရပါသည်။

အကြည့်တွေ... ခံနိုင်ရည်ရှိလာသည်။
အပြောအဆိုတွေ...နားတစ်ဖက်ကကြားလျှင် နားတစ်ဖက်က လျောလျောရှူရှူ ထွက်ခွာခွင့်ပြုလိုက်သည်။

အဆိပ်ရှိတဲ့ ပတ်၀န်းကျင်အပေါ် လိုက်မခံစားမိစေဖို့ ဂျွန် ခဏ ခဏ ပြောသည်။

အနားမှာရှိနေခဲ့သည့် ချစ်သူလေးဟာ ပေးနိုင်တာထက်ကိုပိုချစ်ပေးခဲ့သဖြင့် အနည်းအများ မခန့်မှန်းနိုင်အောင် သူပျော်ခဲ့ရပါသည်။

ဂျွန်ဟာ သူ့အား ချစ်ခြင်းအစုံ ပေးအပ်ထားရင်း အပြုံးတွေဆင်ထားသူ။ထိုချစ်ခြင်းတွေကြောင့် သူ့ရင်ထဲ နှင်းပွင့်တွေ​'ဝေနေဆဲပါ။ထိုနှင်းပွင့်တွေဟာ ဘယ်လိုဥတုရာသီမျိုးကို မဆိုခံနိုင်ရည်ရှိမှာပဲ လို့ ယုံယုံကြည်ကြည် မှတ်သားထားဆဲပါ။

THE 17 Where stories live. Discover now