12

2.7K 354 53
                                    

မနက်ဈေးသွား၊ဆိုင်ဖွင့် ဆိုင်အတွင်းအပြင် သန့်ရှင်းပွတ်တိုက်ပေးခဲ့ပြီးသော် ကျောင်းသို့သုတ်ခြေတင်ရောက်လာတော့သည်။မမေ့မလျော့ ညကတည်းက လွယ်အိတ်ထဲအကျအနနေရာယူခဲ့သော စာအုပ်လေးကိုလည်း မေ့ကျန်ရစ်မှာစိုး၍ သတိတရ စစ်ကြည့်ရသေး၏။

စာမေးပွဲကနီးနေပြီ။အဆင်မပြေမပြေ မသေချာနိုင်သူအတွက် တွေးပေးမိတော့ စိတ်က သက်ပြင်းမောကိုတောင့်တသည်။

ညက စာကြည့်စားပွဲမှာ ထိုင်ရင်း ကျက်စရာမှတ်စရာ အကုန်လုံးစုရေးထားသော သူ့မှတ်စုလေးကို ခပ်တွေတွေကြည့်မိစဉ်...ရူးကြောင်ကြောင်နိုင်တယ် မဟုတ်ပေမယ့် သူတစ်ယောက် ခက်ခဲနေမှာကို စိုးပူလာသည်။

မှတ်စုက တစ်အုပ်တည်းရယ်...

စာအုပ်ကိုပေးလိုက်လျှင် ကိုယ့်အတွက် မရှိတော့။ဆိုတော့ စာကြည့်ဖို့ ဒီတစ်ညနားလိုက်ပြီး စာရေးရတော့သည်။

မှတ်စုထဲမှ စာမျက်နှာတွေအကုန်လုံး အသစ်ချွတ်ချွတ် စာအုပ်လေးထဲ ကူးထည့်ပေးလိုက်၏။ပထမနှစ်ဝက်အတွက် စနစ်တကျ သူရေးမှတ်ထားသော စာတွေဟာ တစ်အုပ်စာလေးပေမို့ လက်ချောင်းတွေအတွက် ခံသာတော့သည်။မနက် ၃နာရီစွန်းစွန်းတွင် တစ်အုပ်လုံးကူး၍ ပြီးစီးခဲ့သည်။လက်ရေးကို သူကြည့်ရအဆင်ပြေအောင် သော့ရေးမိပြီး အချိန်တော်တော်သုံးလိုက်ရ၏။

အိပ်ချိန်က သိပ်မရှိတော့ပေမယ့် လက်ရေးညီညီ​တြွေဖင့် မှတ်စုစာအုပ်အသစ်လေးကို ကြည့်ရင်း ကျေနပ်ပီတိဖြစ်ခဲ့ရသေးသည်။

သဘောကျစိတ်မှာ ဤကဲ့သို့ ဒုက္ခ၊သုခလေး​တြွေဖင့်...

စာကြည့်တိုက်သို့ ဉီးတည်လိုက်တော့ ထိုင်နေကျ ပြတင်းနားကခုံလေးမှာ စာတွေအသည်းအသန်မှတ်နေပြန်သည်။သင်း အစား မောလိုက်တာ။မျက်နှာချင်းဆိုင် ခုံလွတ်မှာဝင်ထိုင်သည်ကို သိသော် စာလုပ်နေသည့်လက်တွေ ရပ်တန့်ကုန်၏။သူ့ကို ကြည့်ပြီး မှင်သက်နေသည်မှာ ပီဘိလူအ'လေးသဖွယ်။

"မင်း ညဘက်တွေ စာကြည့်ချိန် ဘယ်နှစ်နာရီထားလဲ"

"ငါ?"

ဆော့ဂျင် ခေါင်းကိုညိတ်ပြသော်...

"ငါ...ညဘက် စာမှမကြည့်တာ"

THE 17 Where stories live. Discover now