မရောက်ချင်ခဲ့သည့် မနက်ခင်းတွေဟာ ရည်ရွယ်ချက်ရှိရှိ စောရောက်လာသတဲ့...
ဒီလိုပါပဲ သူမရှိဘူးဆိုတဲ့အသိနဲ့ အသက်ကို၀အောင်ရှူလိုက်တယ်။
တစ်သက်လုံးပြန်မလာတော့မှာမှ မဟုတ်ဘဲ။
ဒီလောက်လေးကို အဖြစ်သည်းမနေစမ်းနဲ့ကွာ ဆိုပြီး ဟိုးအတွင်းကျကျနေရာထိ သတိပေးရတယ်။
စိတ်ဟာ နာခံပါ၏။
ထိုနည်းတူ နှလုံးသားငယ်ငယ်လေးဟာလည်း လက်သင့်ခံပေးသည်ထင်။တစ်ပတ်ဆိုတာ ခဏလေးပါ...
ကိုယ့်ကိုယ်ကို သနားစရာမကောင်းအောင် သတိပေးခဲ့ပေမယ့်...
ကျောင်းတက်ရက်တွေဟာ အဓိပ္ပာယ်တော့မဲ့ခဲ့၏။စာရေးခုံလေး...
ထိုင်ခုံနေရာလပ်လေး...
ဗလာနတ္တိဖြစ်နေတာကလွဲရင် အားလုံးဟာ စိုစိုပြေပြေပါပဲ။ဂျွန် ပြန်လာပြီလား...ဟု မမေးရုံတမယ် ခြောက်သွေ့နေတဲ့ တူရိယာခန်းနှင့် စာကြည့်တိုက်ဆီမှ အထီးကျန်စာကြည့်ခုံတွေ။
သိပ်မလိုတော့ပါဘူးကွာဆိုပြီး ဖြေသိမ့်ပေးရမယ့်အစား...
ဆို့ဆို့နင့်နင့်အဖြေတွေ ခေါင်းထဲတိုး၀င်လာမှာမို့ မင်းတို့လည်း မင်းတို့ဘာသာနေ ငါလည်း ငါ့ဘာသာ နေတတ်အောင်နေမယ် ဆိုပြီး ခြေဦးတောင်မလှည့်ရဲခဲ့ဘူး။ပထမရက်..
ဒုတိယရက်..
တတိယရက်..
သူပြန်လာတော့မယ်လေ...။
ခန္ဓာကိုယ်ကြီးရှိနေပေမယ့် ကိုယ်မပိုင်တော့သလို ဘာလုပ်လုပ် ခြေမကိုင်မိ လက်မကိုင်မိတွေနဲ့ ဗရုတ်သုတ်ခနိုင်လိုက်ပုံများ။
ဟား...လွမ်းတဲ့စိတ်ဟာ ရယ်စရာပါဗျာ...။
ညဘက်တွေဆို...
ကျနော် သိပ်ရူးတာပဲဆိုပြီး လှောင်ပြောင်နေတဲ့ သူမော့ကြည့်နေကျ ကောင်းကင်ကျယ်။ခုံဖြူဖြူဆီကနေ ကျနော် မော်ကြည့်မိတော့ အရင်ဒီခုံမှာ ထိုင်ဖူးသူရဲ့ မျက်နှာကို ကောင်းကင်မှာ မြင်တယ်...
ကြယ်တွေဆီမှာ တွေ့တယ်...သူပုံရိပ်ယောင်ကို မြင်လိုက်ပြီး ကျနော်သိသွားတဲ့ နောက်ထပ်ဟာသတစ်ခု။