Part 14

154 25 0
                                    

"Rokumi၊ ငါ.......ငါနောင်တရပါတယ်။ တောင်းလည်းတောင်းပန်ပါတယ်။ မင်းအပေါ်လုပ်ခဲ့သမျှ ငါမတရားဘူးဆိုတာ ငါကိုယ်တိုင်လည်း သိပါတယ်။"
"အဲဒီလို သိပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုပါဘူး။ မင်းရဲ့တောင်းပန်မှုတွေရော၊ ကျေးဇူးတင်မှုတွေရော မယူပါရစေနဲ့။ ဘာပဲပြောပြော ဖြစ်ခဲ့တာတွေက ငါလိုလိုလားလား ပေးဆပ်ခဲ့တာ မဟုတ်ဘဲ မင်းပဲ အတင်းလုပ်ယူသွားတာလေ။ တောင်းပန်စရာ မလိုပါဘူး။ ဒါပေမဲ့ တကယ်ကို စိတ်ရင်းနဲ့ ဆိုရင်တော့ ငါ့မျက်စိရှေ့က ထွက်သွားပေးရင် အကောင်းဆုံးပဲ။ ငါကျေးဇူးတင်မိမှာပါ။"
"ငါ့မှာလည်း ငါ့အကြောင်းနဲ့ ငါရှိခဲ့လို့ပါ။ မင်းခွင့်လွှတ်ပေးပါ။ ငါ့ကို ကျေးဇူးပြုပြီး ဒုတိယ အခွင့်ရေးလေးပေးပါနော်။"
"အခွင့်ရေး?"
Rokumi သည် နာနာကျင်ကျင် ပြုံးလိုက်မိသည်။
"ကောင်းပြီ။ ငါမင်းကို ဒုတိယ အခွင့်ရေးပေးမယ်။ အကယ်၍ ငါ့ရဲ့ အချိန်လေးနှစ်ကို ပြန်ပေးပြီး ငါ့အဖိုးကို အသက်ပြန်သွင်းပေးနိုင်မယ်ဆိုရင်ပေါ့။"
"Rokumi....."
"မင်းမထွက်သွားရင် ငါထွက်သွားမယ်။"
Rokumi ကုတင်ပေါ်က ထရပ်လိုက်တော့ Medusa သည် သူ့လက်ကို ထိတ်လန့်တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့မျက်ဝန်းထဲတွင်ကား ကြောက်ရွံ့မှု အရိပ်အယောင် ကြီးစိုးနေသည်အား သေချာစွာ ကြည့်လျှင် မြင်ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားပြီးနောက် သူများအိမ်မှာ ပြန်တွေ့လိုက်ရသော အရုပ်ကလေးတစ်ရုပ်လို Rokumi အား မလွှတ်တန်း ဆွဲထားမိသည်။ ထို အရုပ်လေးမှာ သူများလက်ထဲ ရောက်နေပြီ ဖြစ်သည့်အပြင် အချိန်ကြာကြီး ခွဲနေခဲ့ရသောကြောင့် သူ့အပေါ် စိမ်းသက်မှုနှင့် အမုန်းတရားများ ရှိနေသည်။

"ငါ....ငါ မင်းကို လက်မလွှတ်နိုင်ဘူး။"
"မင်းငါ့ကို မလွှတ်ရင် ငါမင်းကို ထိုးမှာနော်။"
Rokumi သည် အပြောတစ်ဝက်နှင့် Medusa လက်ထဲမှ လွတ်ရန် ကြိုးစားနေမိသည်။
"ထိုးပါ။ ကြိုက်သလောက် ထိုးပါ။ ငါမင်းကို ဘယ်တော့မှ မလွှတ်တော့ဘူး။"
သူသည် Rokumi ၏ လက်နှစ်ဖက်စလုံးကို ဆွဲကိုင်ပြီး သန်းခေါင်ယံ၌ ထွန်းလင်းနေသည့် ကြယ်အစုံလို လင်းလက်နေသည့် မျက်ဝန်းများဖြင့် Rokumi ကို စိုက်ကြည့်လိုက်သည်။ ထိုမျက်ဝန်းများသည် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကြောင့် လင်းလတ်နေခြင်း မဟုတ်ဘဲ ဝမ်းနည်းမှုကြောင့် တောက်ပနေခြင်းသာ။
"ငါမင်းကို ချက်ချင်း မရှာနိုင်ခဲ့ဖူးဆိုတာ ငါလည်း ရုန်းကန်ခဲ့ရလို့ပါ။ ဒီနေရာကို ရောက်ပြီး ဘယ်သူ့အကူညီမှ မယူဘဲ မင်းကို လိုက်ရှာနိုင်တဲ့ အချိန်မှာ ဘယ်နေရာမှာမှ မတွေ့တော့ဘူး။ ငါအကောင်းဆုံး ကြိုးစားခဲ့ပါတယ်။"
"လွှတ်လို့ ပြောနေတယ်နော်။"
Rokumi လည်း ခံစားချက်ပေါင်းစုံ ရောနှောပြီး မျက်ရည်များ ဝေ့သီလာခဲ့သည် ထိုလူသားဟာ ဟိုးအရင်ကလိုပဲ သူ့ခံစားချက်တွေကို ဆွဲထုတ်ရာတွင် ပြိုင်ဘက်ကင်းနေတုန်း။ ဒါပေမဲ့ ထိုမျက်ရည်တွေက Medusa အား သနားသဖြင့် ထွက်လာခြင်းတော့မဟုတ်။

Love me like you do(only Unicode)Where stories live. Discover now