Part 64

131 19 3
                                    

Arataအား သနားသောအားဖြင့် Medusa သည် သူလွယ်လာသော အိတ်ထဲမှ အာလူးကြော်တစ်ထုတ်ထုတ်ပြီး သူ့ဆီသို့ ပစ်ပေးလိုက်သည်။
"ကျေးဇူး။"
Arataက ဆူဆူပုတ်ပုတ် ရုပ်နှင့် အာလူးကြော်ထုတ်ကို ဖောက်လိုက်မှ Kin လည်း သူဘာမှ မစားလာရမှန်း အခုမှ သတိရသည်။
"ကျန်သေးလား။"
"ငါ့ကို ဘာထင်နေလဲ။ ၂၄နာရီစတိုး မဟုတ်ဘူးနော်။"
"ဒီတိုင်းမေးတာ။ ဒီတိုင်းဖြေလည်း မသေပါဘူး။.... ဗိုက်ဆာလိုက်တာ သေတော့မယ်။ ဟေ့ကောင် Arata၊ နည်းနည်း ကြွေးစမ်း။"
.
.
.
.
.
အပြင်က ညီအစ်ကိုတွေ အသံကို နားထောင်ပြီး အခန်းထဲက အမှောင်ထဲ၌ ပြုံးနေမိကြသူနှစ်ယောက်လည်း ရှိ၏။
"Rokumi။"
"အင်း။"
"Medusa က မင်းကို တော်တော်ချစ်တဲ့ပုံပဲနော်။ ညတွင်းချင်းကို ဒီကို ရောက်လာတယ်ဆိုတော့။"
အမှောင်ထဲ၌ Rokumi ခေါင်းခါနေတာကို Shigure ခံစားမိသည်။
"ဟင့်အင်း။ မဟုတ်ပါဘူး။ သူ့အတွက် ငါ့ထက် အရေးကြီးတာတွေ အများကြီး ရှိသေးတယ်။ အမြဲတမ်းလိုလို အန္တရာယ်တောထဲမှာတောင် ငါ့ကို ထားရစ်ခဲ့စေလောက်တဲ့အထိ အရေးကြီးတဲ့ အရာတွေပေါ့။"
"......."
"မင်းလူကလည်း မင်းကို တော်တော် သံယောဇဉ်ကြီးပါတယ်။ အတူတူ လိုက်လာတာပဲကို။"
"အဟင်း။"
Shigure ၏ ခြောက်ကပ်ကပ် ရယ်သံလေးတစ်ခုက အခန်းထဲတွင် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားသည်။
"သူ ဘယ်သူ့အတွက် လိုက်လာတာလဲဆိုတာ ငါသိပါတယ်။"
Rokumi သည် Shigure ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်သည်။
"Shigure၊ မင်း သတိမထားမိတာလား။ ဒါမှမဟုတ် သတိမထားမိချင်ယောင် ဆောင်နေတာလား။ သူရောက်လာကတည်းက သူ့အကြည့်တွေက မင်းအပေါ်မှာပဲနော်။ သူ ဘယ်သူ့အပေါ်မှာပဲ စိတ်ရောက်နေတယ်ဆိုတာ ဘေးနားက လူတွေတောင် သိတယ်။"
"ငါမမျှော်လင့်ရဲတော့ပါဘူးကွာ။ မျှော်လင့်ချက်တွေ အကြိမ်ပေါင်းများစွာ ရိုက်ချိုးခံခဲ့ပြီးသွားပြီ။ ငါ့အဖြစ်က ဖန်ခွက်အောက်ထဲ အချိန်အကြာကြီး ထည့်ခံထားရတဲ့ နှံကောင်လိုပဲ။ နည်းနည်းတော့ ရယ်စရာကောင်းသား။"
"......ငါတောင်းပန်ပါတယ်။"
"မင်းက ဘာဖြစ်လို့ တောင်းပန်နေတာလဲRokumi။ ဖြစ်ခဲ့သမျှက မင်းအပြစ် တစ်ခုမှ မပါပါဘူး။ ပြီးတော့ ငါမင်းကို သံယောဇဉ် အများကြီး ရှိပါတယ်။ နည်းနည်းလေးမှ အပြစ်မတင်ခဲ့ဖူးပါဘူး။ အပြစ်တင်ချင်းတင် ဟိုငတုံးကောင်ကိုပဲ အပြစ်တင်ရမှာ။"
Shigure ၏ စကားအဆုံးတွင် သူတို့ အတူတူ ပြုံးမိကြသည်။
.
.
.
.
.
Medusa တို့ မထွက်စေချင်သော နေမင်းကြီးကတော့ အရှေ့ရပ်ကနေ မျက်နှာပြောင်တိုက်လို့ ထွက်လာနေချေပြီ။ ပိုက်ဆံနှင့် နေမထွက်အောင် တားလို့ရမယ်ဆိုရင် သူတို့မှာ ရှိသမျှ ပိုက်ဆံတွေ ပုံအောပြီး နေရောင်ခြည်အား တားထားလိုက်ချင်ပါရဲ့။ ဒါပေမဲ့ အရာအားလုံးက ကိုယ်ဖြစ်စေချင်သလိုမှ မဖြစ်နိုင်ပဲ။ မိခင်သဘာဝကြီးတော့ သူလုပ်စရာရှိတာကိုပဲ ဆက်လက်လုပ်ဆောင်သွား၏။ နေလည်း ထွက်လာခဲ့သလို၊ သူတို့သည်လည်း အိမ်ပြန်ရမည့် အချိန်သို့ ရောက်လာသည်။

Shigure နှင့် Rokumi တို့က သူတို့အား မနက်စာတစ်နပ်တော့ ရက်ရောပေးခဲ့ကြသည်။ သူဌေးသားတွေဖြစ်ပြီး သူများအိမ်မှာ ကပ်စားနေကြရတာ နည်းနည်းတော့ ရယ်စရာ ကောင်းသား။ တစ်လျှောက်လုံး Rokumiတို့နှစ်ယောက် စကားလုံးဝ မပြောဘဲ ခပ်တည်တည် မျက်နှာထားမျိုးနှင့် နေနေကြတော့ ညီအစ်ကိုသုံးယောက်လည်း အသံတစ်သံမှ မထွက်ရဲကြပေ။ (မယားကြောက်ကြီးတွေပါဗျို့။)

ပြန်ခါနီးအချိန်မှာတော့ Rokumi က သူတို့အား အပြင်ထိ လိုက်ပို့သည်။ သူတို့ဆိုတာထက် တကယ်တော့ Arata ကိုသာ။ Shigure ကတော့ အပေါ်မှာပဲ နေခဲ့၏။
"ဂရုစိုက်သွား။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦး။"
"အစ်ကို...တကယ်ကြီး ပြန်မလာတော့ဘူးလား။"
"အင်း။"
Arataသည် ငိုမဲ့မဲ့ မျက်နှာလေးနှင့် သူ့ကို ကြည့်နေခဲ့သည်။ အပြစ်မဲ့သော ကောင်လေးအား စိတ်ဆင်းရဲအောင် လုပ်နေမိသည်အား Rokumi တကယ်ကို စိတ်မကောင်းဖြစ်မိပါသည်။
"ကျွန်တော် လာလည်လို့ကော မရဘူးလား။"
"Arata၊ ငါတို့က.....တကယ်ကို မရလို့ပါကွာ။"
"ကျွန်တော်က ကျွန်တော်လေ။ သူတို့က သူတို့လေ။ ဘာလို့များ ကျွန်တော့်ကို သူတို့နဲ့ တူမယ်လို့ ထင်နေရတာလဲ။"
"အဲဒါကြောင့် မဟုတ်ရပါဘူး Arataရယ်။ မင်းက သူတို့နဲ့ လုံးဝ မတူတာ ငါသိပါတယ်။"
"ဒါဆိုရင် ကျွန်တော့်ကို ရွေးရင် အစ်ကို့ကို စိတ်ချမ်းသာအောင် ထားပေးနိုင်မယ်ဆိုတာလည်း သိမှာပါ။"
"......"
"အစ်ကို...ကျေးဇူးပြုပြီးတော့။"
"ငါပျော်နိုင်မှာ မဟုတ်ဘူး Arata။"
သူ့မျက်လုံးများထဲကို တည့်တည့်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သော ထိုလူသား၏ စကားများက သူ့နှလုံးသားအား အေးခဲသွားစေသလို ခံစားရသည်။

Arataသည် ခပ်လှမ်းလှမ်းကနေ Rokumi အား စကားပြောဖို့ ရပ်စောင့်နေသော Medusa အား လှမ်းကြည့်လိုက်မိသည်။ ဪ၊ သူရှုံးခဲ့တာပါလား။ သူတစ်ယောက်တည်း ပြိုင်နေခဲ့တာတောင် အဆုံးမှာ သူပဲ ရှုံးခဲ့တာပါလား။ ဘဝမှာ အရှုံးဆိုတာကြီးကို ခါးသီးလွန်းလို့ အမြဲတစေ အနိုင်ရအောင်ပဲ ကြိုးစားခဲ့ဖူးသော Arataသည် Rokumi နှင့် တွေ့တော့မှပင် တစ်ခုပြီးတစ်ခုကို ရှုံးနေရတော့သည်။ ပြီးတော့ အချစ်ဆိုတဲ့ အရာကြီးရဲ့ အရှုံးက ပိုလို့ပင် ခါးသီးလွန်းလှပါသည်။ နာကျင်ရလွန်းပါသည်။ ရင်နာလွန်းလို့ Rokumi ဆိုသည့် လူသား၏ ဖြစ်တည်မှုကို မေ့ဖျောက်ပြီး အသက်ရှင်တော့မည်ဟု တွေးမိသော်လည်း မဖြစ်နိုင်မှန်း သူ၏ သိစိတ်က နားလည်နေ၏။ လူငယ်လေး Arata၏ အချစ်ဦးမှာ သူ့နှလုံးသားအား ပထမဆုံး အမာရွတ်ပေးနိုင်သူ ဖြစ်ခဲ့ပါရဲ့။

To be continue.........

မညာပါဘူး။ ညီအစ်ကိုသုံးယောက်ထဲမှ Arataက အနူးညံ့ဆုံး ချစ်တတ်သူကြီးပါ။
နောက်တစ်ပိုဒ်က နောက်ဆုံးပါပဲ သည်းလေးတို့ရေ။

Love me like you do(only Unicode)Where stories live. Discover now