Part 26

131 17 1
                                    

"ဒါဆိုရင် မင်း ခုနက ချီးမွမ်းခမ်း ဖွင့်နေတာလေးတွေ ပြန်ဆက်ပါဦး။"
"မင်း ပြောတော့ နားမထောင်ချင်တော့ဘူးဆို။"
"အခြားတစ်ယောက် အကြောင်း ပြောနေတယ် ထင်တာကို။.....ငါက တကယ် ပြုံးရင် ချစ်ဖို့ကောင်းတာလား။"
"အင်း။"
"အဲဒီလိုမှန်းသိရင် အစတည်းက ခပ်မိုက်မိုက် ဘဲကြီးလို ပုံဖမ်းနေမယ့်အစား မင်းအနားမှာ ကော်လိုကပ်ပြီး ကပ်ချွဲနေလိုက်ပါတယ်။"
"တော်ပါကွာ။ အခုတောင် ရုံးပဒေသီး အရှုံးပေးနေရပြီကို။ ဒီတိုင်းလေးပဲ နေတော့။"
Medusa သည် Rokumi အား ရင်ခွင်ထဲ ထည့်ပြီး နွေးထွေးစွာ ဖက်ထားပေးသည်။
"မင်းသိလား။ မင်းက ငါ့ဘဝရဲ့အချစ်ဦးပဲ။"
"သေချာလို့လား။"
"သိပ်သေချာတာပေါ့။"
"ဒါဆိုရင် ငါ့ကို အလိုလိုက်မှာလား။"
"အင်း။ မင်းက ဘာလိုချင်လို့လဲ။"
Rokumi က Medusa ကို မော့ကြည့်ပြီး ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။
"ငါ အပေါ်မှာ နေချင်တယ်။"
"ဒါတော့မဖြစ်ဘူး!"
Medusa က အလန့်တကြား ပြန်ဖြေတာကြောင့် Rokumi ရယ်လိုက်မိသည်။
"ဘာလို့ မနေချင်ရတာတုန်း။"
"ငါ....အဲဒါကြီးက......ဟို...."
"အင်းပါ။ နေပါစေတော့။ ငါက နောက်တာပါ။"
Rokumi နောက်တာမဟုတ်။ ဖြစ်နိုင်ရင် သူအပေါ်မှာ နေချင်သည်။ ဒါပေမဲ့လည်း ချစ်ရတဲ့ လူက ဒီလိုဆိုတော့ သူပဲ အရှုံးပေးရတာပေါ့။ အချစ်ကြောင့် ရှုံးနိမ့်ခြင်းဟာ ခံပြင်းခြင်းမရှိဟု တွေးခဲ့မိတာကြောင့်။ ဘယ်လောက်တောင်ရူးမိုက်ခဲ့မိခြင်းပါလိမ့်။ ဘယ်လောက်တောင် နုံအခဲ့မိခြင်းပါလိမ့်။

ထိုအချိန်ကစပြီး အရာအားလုံးဟာ ပျော်ရွှင်စရာတွေ အပြည့်ပင်။ စကားများလှသော Medusa ၏ တတွတ်တွတ် ပြောသံများကို Rokumi က တစ်နေကုန် နားထောင်ပေးနေသည်အား လူတိုင်း တွေ့ရလိမ့်မည်။ ထိုလူနှစ်ယောက် အကြည့်ချင်း ဆုံသွားတိုင်း ကြည်နူးပီတိအပြည့် မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလိမ့်မည်။ ညဘက်ဆိုရင်လည်း ချစ်ကြည်နူးနေကြသည့် သူတို့နှစ်ယောက်အသံတွေက နံရံတွေကို စိမ့်ပြီး ဘေးခန်းကလူတွေအား နာကျင်မှုဖြင့် သွေးအန်စေလိမ့်မည်။ 'စောက် rsတွေ'ဆိုပြီး ဆဲရသည်အထိပင်။ ဒါပေမဲ့ ဘယ်သူထင်ခဲ့မည်လဲ။ သူတို့ထောင်၏ နာမည်ကြီးအတွဲက အဆုံးသတ်မှာ အကျည်းတန်စွာ ကွဲပြတ်သွားရမည်လို့။

Love me like you do(only Unicode)Where stories live. Discover now