ရင်း...(၁)

3.3K 248 67
                                    

I only write Yizhan fanfic. So, be careful of reading lists.
.
.
.
.
.
.
"ပေါ်ကော...ပေါ်ကော..."

ထိုအသံ....။

ထိုအသံလေး...။ ကျောင်းပိတ် နှစ်ရက် မှာပင်..နား ဒုက္ခ ပေးတတ်လွန်းတတ်သည့် ထိုအသံလေးက ခု...ကျောင်းဖွင့်ရက်ပေမို့...သူ့အား...ပို နှိပ်စက်ပေတော့မည်....။

လှေကားကို ဘယ်လိုတွေ သူလေး...ဖြတ်ကျော်လာပါလိမ့်။ သိပ်ဖြင့်မကြာ သူ့အခန်းတံခါးအား...ဆွဲဖွင့်လိုက်တာများ..။

ညက စာကြည့်ထားတာသည်မို့...ရိပေါ်သည်...လည်ပင်းထက်မှ စောင်အား...ခေါင်းထိ ဆွဲခြုံပစ်လိုက်ရင်း...ထိုအသံလေးကိုလည်း...လျစ်လျူရှူ ရင်းသာ.. ..။

"ပေါ်ကောလို့!"

နှာမှုတ်သံလေးနဲ့အတူ..စောင်အား..အတင်းနဲ့ လာဆွဲတဲ့..လက်ကလေး....။

အရွယ်ရောက်လာပေလို့လား မသိ..ရေမွှေးနံ့ လေး ပြောင်းသုံးသည်ထင်....။

ကိုယ် နှဂိုမြတ်နိုးရတဲ့ ပင်ကို ကြာရနံ့ သင်းသင်းလေးကို အုပ်စိုးကာ....။

ကျစ်...!

"အကျင့်မပုတ်နဲ့နော်...ပေါ်ကော....ထ..ထ...!ထပါဆို!"

သူ့ကုတင်ပေါ်..လွယ်အိတ်ပစ်တင်လိုက်မှန်း..သိလိုက်ရသည့် တခဏ..သူလေးနဲ့မှလည်း..စောစောစီးစီး ပြုံးမိခဲ့တာ။

ဘယ်လောက်တောင် စိတ်တိုနေမလည်း...မျက်နှာလေး မမြင်ရသေးလည်း ကိုယ်သိသည်....။

ဒီအချိန်ဆို...နှုတ်ခမ်းနီနီလေး ရှေ့ကို ဆူထွက်နေလောက်ပြီ။

တက္ကသိုလ် ပထမဆုံး..တတ်ရမဲ့ ကလေးမို့ ရင်ခုန်နေမှာ ရိပေါ် သိသိရဲ့နဲ့ တမင် မနှိုးချင်ယောင် ဆောင်နေခဲ့သည်။

ကိုယ်က တတိယနှစ်မို့..စိတ်မလှုပ်ရှားပေမဲ့...ပထမနှစ်..ဖြစ်တဲ့သူလေးကတော့...။

"ကျစ်...ရှောင်းကျန့်...ငါ အိပ်ဦးမယ်"

"ပေါ်ကော...ထဆိုဗျာ...ကျောင်းသွားမယ်လို့"

"တစ်ယောက်တည်းသွား"

အင်း...ဒါရိပေါ် ပြောလိုက်တဲ့စကားပဲ။တကယ်တမ်း..စိတ်တိုပြီး ခုနေများ..ထွက်သွားရင်...မျက်နှာတောင် မသစ်နိုင်ပဲ..ပြေးလိုက်မိမှာလည်း..ရိပေါ်သာ...။

ရင်း....Where stories live. Discover now