ရင်း...(၈)

603 93 24
                                    


"ဒီကောင် ကွဲနေတာလေ"

ဟိုက်ခွမ်း စကားကြောင့်...မော့ ကြည့်မိလေမှ...ကျိရန်နဲ့ အတူ..ကျန်းချန်ကိုပါ တွေ့လိုက်ရ၏။

အားလုံးထဲမွာ ဟိုက်ခွမ်းက ရင့်ကျက်လေပြီး...အနည်းငယ် ပိုအသက်ကြီးသူမို့...တိတ်တဆိတ် ကိုယ် ရင်ဖွင့်ချင်မိတာ....။

နှုတ်မလုံတာ....ရိပေါ်  မေ့သွားခဲ့တယ်.....။

"ပြဿနာက"

"ပထမဆုံး..ကျန်းချန်ဆီမှ ထြက္လာတဲ့ အေမးစကား။"

ရှေ့မှ ဝီစကီ ကိုသာ...အာရုံစိုက်လိုက်မိတော့သည်။

"အဖြေက ရှင်းရှင်း လေးပဲ
ရှောင်းကျန့်က ဟန်ယဲ့ဆီက ပန်းစည်း လက်ခံလိုက်လို့"

"ဒီမွာ...လာကွဲနေတာပေါ့
အရက်တွေနဲ့လေ"

အမေးအဖြေ စကားတွေကား...ခွန်းတုန့်မပြန်မိ...သော်လည်း..ဆူညံနေတဲ့ club အတွင်း...ကိုယ့်နားထဲကြားနေရ၏။

သူလေး...ငြင်းမယ် ထင်မိတာ....အမွား တစ်ခုမို့လား။ ကလေးစိတ်ပင် မပျောက်သေးလည်း..ဟန်ယဲ့ ခြေလှမ်း တို့အား...သူလေး...နားလည်မိမှာပဲလေ...။

အထက်တန်း...ကျောင်းသားလေးကတည်းက...ဟန်ယဲ့...ဦးတည်ရာကား....ရှောင်းကျန့် ဖြစ်ခဲ့ပြီးပြီ....။

ထို့တုန်းကတော့....ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်အပေါ် တခဏတာ စိတ်ဝင်စားမှုလို့ ရိပေါ် ထင်ခဲ့တယ်။

ခံစားမှုတွေ နက်ရှိုင်းလာခဲ့တာ....ကိုယ် ဘယ်လိုတားမြစ်ရပါ့။

"မင်း မဖွင့်ပြောသေးဘူးလား....ရိပေါ်"

ခွက်ပေါ်မှ...လက်တို့ တင်းခနဲ...ဖြစ်သွားရ၏။

ဒီကေလး ရိပေါ် အပေါ်...ဘယ္လို သဘောထားသလည်း...သိနေပါရဲ့...။

အကိုတစ်ယောက်မပြင် မပို တွယ်တာ နေတဲ့ ကေလး။ ချစ်တဲ့ အကြောင်းတွေ ပြောမိတဲ့အခါ....ကိုယ့်အပေါ်...ရွံ့သွားလျှင်ရော.....။

ဒါတွေ ခံစားနိုင်မယ်တဲ့လားလေ.....။

"အရွယ်ရောက်ပြီးသား...ယောကျာ်းလေး နှစ်ယောက်ပဲ"

"ပြီးတော့...မင်းတို့ကြားမှာ
စောင့်ထိန်း စရာ ဘာစည်းမှ မရှိဘူး ဟေ့ကောင်"

ရင်း....Where stories live. Discover now