ရင်း...(၁၇)

581 83 2
                                    


"စီ...စီနီယာရိပေါ်"

စစ်ဟိုင်ကသာ ကြောက်လန့်တကြား ခေါ်လိုက်တာပေမဲ့..နည်းနည်းမှ...နူးညံ့ ဟန် မပေါ်တဲ့ စီနီယာကြောင့်...သူ ဒီနေရာမှနေ ပြေးထွက်ချင်နေပြီဖြစ်သည်။

သူငယ်ချင်း အချို့နဲ့ ဟေးလားဝါးလား လုပ်ရင်း...ရုတ်တရပ် ရောက်လာသည့် စီနီယာရိပေါ်  က

"မင်း...နဲ့ စကားပြောဖို့ လိုနေပြီ စစ်ဟိုင်"

ထိုတစ်ခွန်းတည်းနဲ့..စစ်ဟိုင်...ရင်ထဲ..တင်းကျပ်နေရပြီဖြစ်၏။ ကိုယ် လုပ်ခဲ့ တဲ့ တော"တွေ ကိုယ်တိုင် သိနေလည်း..စစ်ဟိုင် မှားတယ်လို့ မယူဆ ခဲ့ဘူး။

လိုချင်တာရဖို့...ကြိုးစားခဲ့တယ်။

ဖြစ်ချင်တာက မျှော်လင့် သလို ဟုတ်မလာပေမဲ့..အနည်းဆုံးတော့...အရူးမိုက်ဆုံး...စစ်ဟိုင် လုပ်ခဲ့တာပဲလေ...။

ဝမ်သခင်လေးနဲ့...ရှောင်းသခင်လေး တို့ လက်ထက် ကြမည် ဆိုတဲ့ သတင်းက လူထုထဲမှာ..ပျံ့နှံ့ နေတာ မဟုတ်ပေမဲ့..စစ်ဟိုင် နားထဲတော့ အလိုလို ရောက်လာပြီးသား....။

ထိုရက်ထဲက အရူးတစ်ယောက်လို သူဖြစ်ခဲ့ရတယ်။

စီနီယာရိပေါ် က စစ်ဟိုင် လိုချင်တဲ့ အရာမို့...မရရအောင်တော့ သူယူမိမှာပဲ။

ဒီနေ့တွေလို ဖြစ်လာဖို့ သူ မှန်းထားးခဲ့တာမဟုတ်ဘူး။

စစ်ဟိုင်ရဲ့...ဇွတ်တရွတ် လုပ်ရပ်က အဝေးဆုံး ဝေးမယ်ဆိုရင်...သူကရော ဒိလို ဖြစ်ချင်တဲ့လား....။

"အဲ့ဒီနေ့...အဲ့ဒီနေ့ က မင်း ပဲ ဖန်တီးထားခဲ့တာမဟုတ်လား"

"ကျွန်တော် စီနီယာရိပေါ် ကို ကြိုက်တယ်"

မျက်နှာက အလိုမကျ ဖြစ်သွားပေမဲ့ တစ်စုံတစ်ရာ တုန့်ပြန်မလာတာက စီနီယာရိပေါ် သီပြီးသား ဆိုတဲ့သဘော။

ဒါနဲ့များ...ဘာလို့ မသိဟန် ဆောင်သလည်း သူ့မှာမေးခွင့်မရှိဘူး။ သူတင်မက..တစ်ကျောင်းလုံးကပင် စီနီယာရဲ့ မျက်လုဲးတွေကို ဖတ်တတ် ကြတာပဲလေ။

မျက်ဝန်းတွေက ရှောင်းသခင်လေး နဲ့ စုံခိုက်မှ ကြင်နာရိပ် တွေ စွန်းတတ်တာ။

ရင်း....Where stories live. Discover now