"ဒါက ရိပေါ် ကိုယ်တိုင် သားငယ်လေးမသိအောင်""ပြောရရင် သားငယ်အံ့သြသွားအောင်လို့ပေါ့"
"မားတို့တောင် ခုမှ သိတာ"
"လက်စွပ်လေး သားငယ် ကြိုက်ရဲ့လား ဟင်"
ဘူးလေးထဲမှ...ကြည်စင်လျှက် လက်ထက် လက်စွပ်လေးနှစ်ကွင်းအား...ကြည့်ရင်း..ရင်ဘက်ထဲ သိမ့်ခနဲ တုန်သွားရ၏။
**ကျွန်တော်က white gold ကို ကြိုက်တာ**
တချိန်က ရှောင်းကျန့် ပြောဖူးတဲ့စကားလေး။
ပေါ်ကောနဲ့ လည်ရင်း..ပတ်ရင်း...mall တစ်ခုမှ ရတနာ ဆိုင်တွေထဲ...လက်ထက်လက်စွပ်တို့ ပြထားသည့် နေရာလေးအနား...မတ်တပ်လေးရပ်ရင်း..ငေးကြည့်ခဲ့ဖူးသည်။
တစ်တွဲစ နှစ်တွဲစ လာရောက်ဝယ်ကြတဲ့ လက်စွပ် သဏ္ဌာန် မျိုးစုံထဲ..အဖြူရောင်ကွင်းလေးနှစ်ကွင်းကို ရှောင်းကျန့် မျက်စိကျခဲ့၏။
ဘာရယ်မဟုတ် ပြောခဲ့တာလေးက..ခုအနေနှင့် တိုက်ဆိုင်၍လား ၊ တမင်လားပင် မသဲကွဲ။
ပုံစံမတူသော်ငြား...လှတာထက် ပိုသည်။
ကျက်သရေ လည်း ရှိပြီး...ဆွဲဆောင်မှုလေးက တမျိုးတသွင် ။
"ကြိုက်တယ်မလား...သားသား"
"သားအကိုက သားသားကို
ဘယ်လောက် တန်ဖိုးထားသလည်း ကြည့်ပါလား"ဖျက်ခနဲ မော့အကြည့်...တောင်းပန် ရိပ်တို့ ကွယ်လျိုးနေသည့် မျက်ဝန်းတစ်စုံ နှင့် စုံခိုက်သွားတာမို့ အလျှင်မြန် မျက်နှာလွှဲ ခေါင်း ငုံ့ မိလိုက်သည့် ရှောင်းကျန့်။
ပူစပ်စပ်ဖြစ်သွားတဲ့ မျက်နှာက ဆေးခဲ့ပါရဲ့နဲ့ ဘာလို့များ ။
"ကဲပါလေ အရင်လက်မှတ် ထိုးလိုက်ကြပါဦး"
စာရွက်လေးပေါ်မှ ဘောပင် လေးအား..ကိုင်ဖို့ တွန့်ဆုတ်နေမိသည်...။ တဘဝလုံး...လှောင်ပိတ်ခံရတော့မဲ့ နယ်မြေ တစ်ခုထက်...ကြောက်လန့်ခဲ့ဖူးတဲ့...အခြေနေတစ်ခုကို ရောက်လာတာမို့....။
မိန်းကလေးလည်း မဟုတ်တာကြောင့် အမျိုးမျိုးတွေးရင်း...စိတ်ပူပန်ခဲ့ရတယ်...။
YOU ARE READING
ရင်း....
RomanceI only write yizhan fanfic. So, be careful of reading lists. အချစ်....အမုန်းလား....နားမလည်တတ်စဥ်ကတော့...ကျွန်တော် မသိဘူး လို့ ဖြေခဲ့လိုက်တာပဲ...ဝေးသွားမှ...ကျွန်တော် သိခဲ့တာ... *အချစ်က..ခဗျားရယ်* စွန့်လွှတ်ပေးတာ မဟုတ်ဘူး ရှောင်းကျန့်...မင်းလေး..ကို့...