ရင်း...(၂၃)

1.5K 112 15
                                    


"နောက်တစ်ခါဆို...သေချာခေါ်ခဲ့ဖို့ ပြောရဲ့နဲ့"

ဆရာဝန် ရဲ့..အနည်းငယ် အလိုမကျ ထွက်လာသည်​့ အသံကြောင့်...ရိပေါ်ကသာ...ပြုံးပြလိုက်မိသည်။

ဒီအချိန်ဆို...သူလေး...အိမ်မှာ..ဆော့လိုက် စားလိုက် လုပ်ရောပေါ့....။ ဆေးထိုး..ဆေးသောက်တွေ ကလေးငယ်က သိပ်ကြောက်တတ်သည်။ ဆေးခန်းခေါ်လာဖို့ ဆို.. ဝေလာဝေး။

ကံဆိုးရင်....ကိုယ့်တောင်....စကားမပြောနိုင်တာမို့...ရိပေါ်မှာ မရဲ....။

ခေါင်းရမ်းလေတဲ့ ဆရာဝန်ကြောင့်...နောက်တစ်ကြိမ်...ပြုံးပြလိုက်မိပြန်ပါသည်။

"ဘယ်လိုတုန်း"

ရှောင်းကျန့်လေးတို့ က အိမ်ထောင်ကျတာတောင်
ကလေးလုပ်နေတုန်းလား....

အထက်တန်းတုန်းက ရန်ဖြစ်ပြီး..အန်ကယ်တို့ဆေးခန်းဆီ
မကြာမကြာ ရောက်နေကြပဲလေ..

"ဒီလိုပဲ...ချော့မော့ပြီး ခေါ်ခဲ့ရောပေါ့....1"

"wedding တုန်းကလည်း...မသိရ"

"မင်းတို့ နေနိုင်တယ်ကွာ"

"မဟုတ်ပါဘူး...wedding က
ရုတ်တရပ် ဆိုတော့
ကျွန်တော်  လည်း"

ဘာဆက်ပြောရမည်မှန်းမသိ..အကြောင်းမဲ့သာ..လည်ပင်းအား..ကုတ်နေမိ၏။

"ကဲပါ
ဒီဆေးတွေယူသွားချေ"

"ဖြစ်နိုင်ရင်...အဲ့ကလေးကို
မနက်ဖြန် လောက် အန်ကယ့်ဆီခေါ်ခဲ့"

"ကြည့်ရတာ..မင်းအတွက်...သတင်းကောင်း"

"စီနီယာရိပေါ်...."

ဆရာဝန်ရဲ့...စကား ကား..အဆုံးမရောက်သွား...ရိပေါ် နောက်မှ ထွက်လာသည့် အသံကြောင့်...နှစ်ဦးလုံး ထိုသို့သာ အာရုံရောက်သွား၏။

ချက်ချင်းဆိုသလို အလိုမကျ ဖြစ်သွားရတဲ့ ရိပေါ်။ ဆရာဝန်ကတော့...ခပ်ပြုံးပြုံးပါဘဲ ။

"မင်း ဒီကို ဘယ်လိုရောက်လာတာလည်း"

"ကျွန်တော်က...."

"ဒီတိုင်းလို့ ပြောမယ်ဆိုရင်...
မင်းအတွက် အကြောင်းပြချက်တော့လိုတယ် စစ်ဟိုင်"

"ဆေးခန်းမှာ အသိရှိလို့လား"

ပျက်ယွင်းသွားတဲ့ စစ်ဟိုင်မျက်နှာက တခဏ...ကိုယ့်မျက်လုံးထဲ...ဘယ်လိုမှ...ကြည့်မရဖြစ်နေသည့် အပြုံးက...ချက်ချင်း ဖြစ်လာသေးသည်။

You've reached the end of published parts.

⏰ Last updated: Apr 09, 2022 ⏰

Add this story to your Library to get notified about new parts!

ရင်း....Where stories live. Discover now