"စားစေချင်လို့ ချက်ပေးထားတာ"မျက်လုံးလေး လှန်ကြည့်ရင်း..အသံလေးက တိုးသဲ့သဲ့...ဧည့်ခန်းထဲဝယ် သူလေးနဲ့ ကိုယ် နှစ်ဦး ကြားရယုံမျှသာ။
ဟန်ချင်းရဲ့ စကားတွေ ကြောင့် ညစ်နေတဲ စိတ်တွေအား..ထွက်ပေါက်ပေး..ဆိုင်ကယ်နဲ့..နှင်မိတဲ့နေရပ်ဝေးဝေး။
သူလေး...ပို့လာတဲ့ message လေး နောက်...ကိုယ် ချက်ချင်းပြန်ခဲ့သည်။ အပြေးလေး...လာကြိုတဲ့ ကလေးငယ်ရဲ့ အပြုံးလေးတွေအား..ရိပေါ် ခုထိ အမှတ်ရနေမိတုန်း။
*ထမင်းလာစား ပေါ်ကော* တဲ့။
ရိပေါ် အိမ်အား..ကိုယ့်အိမ်ကို့ရာ လို့ သဘောထားနေတတ်တဲ့ အဆိုးလေးက အိမ်မှာပဲ ချက်ထားတယ်လို့ မားမားပြောခဲ့သည်။
ထမင်းစားခန်းထဲ..မည်းတစ်လှည့် ညိုတစ်လှည့် ဘာတွေလည်း..ရိပေါ်မှန်းမရ။
မားမားကို မေးမယ်လုပ်သော်လည်း...အိပ်နှင့်ခဲ့ပြီ။
ကိုယ့်နောက်..တစ်ကောက်ကောက် လျှောက် လိုက် တွယ်ပ်..မျက်နှာချိုသွေးနေတဲ့...ရှောင်းပေါက်စ...။
အဆိပ်တွေ ဖြစ်ပါစေဦး..မြည်းကြည့် ပါ ပေါ်ကော ဆိုတဲ့ နှုတ်တစ်ခွန်းနဲ့...အရသာ မသိတဲ့...ဟင်းတွေ အကုန် စားခဲ့ လိုက်သည်။
တညလုံးနီးပါး..အိမ်သာနဲ့ နှစ်ပါးသွား ခဲ့ရတဲ့ ကိုယ် ။
မနက် မိုးလင်း ဒင်းလေးက မျက်နှာငယ်လေးနဲ့ ရောက်လာသည်။ ဆူမိတော့...ငိုမဲ့မဲ့ ရုပ်လေးလုပ်သေးတာ။
တစ်ခါလေ နှုတ်ခမ်းလေး မသိမသာ ဆူ လျှက်။
ဆိုဖာပေါ်..တင်ပလ္လင် လေး ခွေ ပြီး..မဝံ့ရဲ အကြည့်လေးတွေနဲ့..နှုတ်ခမ်းပါး..လေးက တတွတ်တွတ် ဘာတွေ ပြောမှန်း ရိပေါ်မှာ မသိပြန်...။
YOU ARE READING
ရင်း....
RomanceI only write yizhan fanfic. So, be careful of reading lists. အချစ်....အမုန်းလား....နားမလည်တတ်စဥ်ကတော့...ကျွန်တော် မသိဘူး လို့ ဖြေခဲ့လိုက်တာပဲ...ဝေးသွားမှ...ကျွန်တော် သိခဲ့တာ... *အချစ်က..ခဗျားရယ်* စွန့်လွှတ်ပေးတာ မဟုတ်ဘူး ရှောင်းကျန့်...မင်းလေး..ကို့...