ရင်း...(၁၅)

690 91 7
                                    


ကျွီ.....!!

တံခါးဖွင့်သံ ရဲ့ နောက် တစ်ချက်တွန့်သွားသည့် ကိုယ်ငယ်လေး....။

အနီးနားပင် မကပ်ရသေးပါပဲ ဘေးတစ်စောင်း လှည့်လျှက် မျက်နှာ ရဲရဲလေးမှာ မျက်ရည် စတွေ စို့နစ်နေခဲ့ပြီ....။ ပြောင်လဲ့ ဝင်းအိနေတတ်တဲ့ ပါးလေးနှစ်ဖက်က အိပ်ရာခင်းနဲ့ အပြိုင် ရဲစွေးနေတာ ဘယ်လောက် ငိုထားသလည်း ဆိုသည့် သက်သေလိုပင်.....။

လေပူတစ်ချက်ကို မှုတ်ထုတ်ကာ သူလေး အနား အရဲ ကိုးသွားမိလေတော့...ပြန်ရလိုက်တာ တားမြစ်တော့မယောင် ခပ်သည်းသည်းမျက်ရည် တို့အချို့....။

"ရှောင်းကျန့်"

"မလာခဲ့နဲ့"

"ကို ဘာလုပ်ပေးနိုင်မလည်း"

"အနားကို ထပ်တိုးမလာနဲ့....လူယုတ်မာ!"

နစ်နေအောင် နာသွားရတဲ့ ရင်ဘက်ကြီးက သည်အချိန်မှာ ကဗျာတွေ ဖွဲ့နေဖို့အချိန် မရှိလေဘူး....။ ချော့မှ ရမဲ့ ကလေးတစ်ယောက်မို့...ရိုက်ပုတ် တွန်းကန်ပါစေဦး .....။

"ချစ်တယ်"

"လိမ်နေတာ"

"ဘယ်လို သက်သေနဲ့လည်း ကလေး"

"ကျွန်တော့်ကို လူမဆန်တာတွေ ခဗျားလုပ်ခဲ့တာ"

​ပြောတတ်လေခြင်း ကလေးရယ် ။

တုန်ရီ လုလု လက်ချောင်းဖုဖောင်းဖောင်းလေးတွေအား ကြွေမယောင် ဖန်လေးလို ခပ်ဖြေးဖြေး ကိုင်မိတော့ ရုန်း၏။

"နာတယ် ကျွန်တော့်ရင်ဘက်ထဲက"

"ကိုက ကုစားပေးမယ်ဆိုရင်"

"ဘာလို့ မဟုတ်တာတွေ ပြောနေမှာလည်း"

"ခဗျားလိုချင်တာကို ရအောင်ယူပြီးပြီပဲ"

"ကျွန်တော့် ခန္ဓာ...ကျွန်တော့်အရှက်"

"နောက်ပြီး ပြင်ဆင်လို့ မရတော့တဲ့အထိ
ကျွန်တော့်ဘဝတစ်ခုလုံးပါ"

"ခဗျား ယူသွားခဲ့ပြီးမှ "

စကားတိုင်းကား...ရန်သူတစ်ယောက်လို ရင့်သီးလို့နေကာ။

ပေါ်ကော လို့ခေါ်တတ်တဲ့ နှုတ်ခမ်းပါးကလေးက သူလေး ပြောသလို လူမဆန်တဲ့ လုပ်ရပ်ကြီးကြောင့်...ခါးသီးခြင်းတို့သာ ပေးလာ၏။

ရင်း....Where stories live. Discover now