9.

784 65 0
                                    

Unicode

လူတစ်ယောက်ရဲ့ အကြောင်းကို သိချင်စိတ်ဖြစ်တယ်ဆိုတာဟာ ရှောင်းကျန့်အတွက်ခပ်ရှားရှားရယ် ။ ဘယ်သူ့အကြောင်းကိုမှ စိတ်ဝင်စားခဲ့ဖူးတာမဟုတ် ။ ဝမ်ရိပေါ်ကတော့ချွင်းချက် ။ တကယ်ပဲ ဝမ်ရိပေါ်က ဘယ်လိုလူမျိုးမို့လို့လဲ ။

' ကောက သိချင်နေမှတော့
ကျန့်ကောသိချင်တဲ့ အချက်တွေကို မေး ကျွန်တော်ကတစ်ခုချင်းစီ ပြောပြမယ်လေ '

' အင်း...
အရင်ဆုံး မင်းကပေကျင်းမှာ ဘယ်လိုမျိုးပုံစံနဲ့ နေခဲ့တာလဲ '

' အမ် ဘယ်လိုပြောရမလဲ သေချာတာတစ်ခုကတော့ ကျွန်တော်ကဆိုးသွမ်းမနေခဲ့ဘူး ။ ငယ်ငယ်တုန်းကတော့ သာမန်ကလေးတွေမျိုးပါပဲ ဘာမှထူးခြားနေတာ မရှိခဲ့ပါဘူး ။

ငယ်ငယ်ကတည်းက ဝမ်ရိပေါ်ဟာဘယ်လောက်ထိတဇွတ်ထိုးနိုင်ကြောင်း လိုချင်တာ
တစ်ခုခုကိုမှမရရင် ဘယ်လိုသောင်းကျန်းကြောင်း တော့ ထည့်မပြောခဲ့ပါဘူး ။ အခုလည်း Bergen ကို သူ့စိတ်နဲ့သူ အိမ်ကခွင့်မပြုပဲ ဇွတ်ရောက်လာကြောင်းကိုရောပေါ့ ။
သူ့ရဲ့ ကျန့်ကောစိတ်ပျက်သွားမှာ ကြောက်ရတယ်လေ ။

'ပထမနှစ်တက်ကတည်းက အတန်းမရှိတဲ့နေ့တွေနဲ့ ပိတ်ရက်တွေမှာဆိုရင် ဆိုင်ကယ်မောင်းသွားသွားပြိုင်တယ် ဆိုင်ကယ်ပြိုင်ရင်း ပိုက်ဆံရှာတာလေ အဟဲ ။ အခုထိကျွန်တော့်ငွေဝင်ပေါက်က racer အလုပ်ကနေပဲ '

ရှောင်းကျန့်ဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နားထောင်နေတယ် ဘာမှလိုက်ပြောနေခြင်းမရှိပဲ ။

' ကျန့်ကော ကျွန်တော်ဆိုင်ကယ်မောင်းပြိုင်တဲ့ကိစ္စကို ဘယ်လိုမြင်လဲ '

' ဟင်... အဲ့တာက အန္တရာယ်များတယ် '

' ဒါဆို ကျွန်တော့်ကို အဲ့တာဆက်လုပ်စေချင်လား '

ရှောင်းကျန့်က နားမလည်စွာနဲ့ ရိပေါ်ကို လှည့်ကြည့်တယ် ။ ဝမ်ရိပေါ်က သူဘာပြန်ပြောမလဲဆိုတာကို မျှော်လင့်တကြီး စောင့်နေတဲ့ မျက်ဝန်းတွေနဲ့ ။ သူ့မာမီနဲ့ ဆင်တူတဲ့ မျက်ဝန်းတွေ ။

' ဘာလို့လဲ .......
အဲ့တာက မင်းဝါသနာမဟုတ်လား '

' ဟုတ်ပါပြီ ကျန့်ကော ကျွန်တော့်အကြောင်းတွေကို နောက်နေ့တွေမှ ဖြေးဖြေးချင်း ဆက်ပြောပြလို့ရမလား ဟင် '

Memorable Spring ( Completed) Where stories live. Discover now