26.

743 64 2
                                    

Unicode

ရှောင်းကျန့်က အကြာကြီး ထိုင်စဥ်းစားနေခဲ့ပေမယ့် အဖြေက တစ်ခုတည်းဖြစ်တယ် ။ ​​ဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝတစ်လျှောက်လုံးကို တွေးမိတော့ သူ့အဖေဟာ ခွင့်မလွှတ်နိုင်စရာချည်းတွေပဲသာ ။ သူ့မာမီဟာ သူ့အဖေကြောင့် စိတ်ဆင်းရဲခဲ့ရပြီး နောက်ဆုံးသတ်သေသွားခဲ့ရတဲ့အထိလေ သူဘယ်လိုလုပ်မေ့နိုင်မှာလဲ ။ ရှောင်းကျန့်က သူ့အဖေဖြစ်သူတစ်ယောက်ထဲကိုပဲ နာကျည်းခဲ့တာတော့မဟုတ် ။ သူတစ်ယောက်ထဲဖြစ်နေမှာ သိရက်နဲ့ ထားခဲ့တဲ့ သူ့မာမီကိုရောဖြစ်တယ် ။ ဂရုစိုက်မူတွေ နွေးထွေးမူတွေ မပေးခဲ့တဲ့အပြင် ထားခဲ့တဲ့အတွက်လေ ။ ဒါပေမယ့်လည်း သူ့မာမီလွှတ်မြှောက်သွားတာပေါ့ လို့ပဲအမြဲတမ်းတွေးခဲ့တာ ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုမွေးပေးခဲ့ပြီး အမေဟာ အမေဖြစ်နေလို့ပါပဲ ။

' ရိပေါ် '

ပြန်မထူးတဲ့ဘေးကကောင်လေးကို လှည့်ကြည့်လိုက်တော့ အထိုင်လိုက်အိပ်ပျော်နေပြီ ။ ရှောင်းကျန့်က စိတ်ရှုပ်ထွေးနေတဲ့ကြားထဲကနေ ရယ်မိလိုက်သေးတယ် ။ စိတ်ထဲလည်း တွေးမိလိုက်သေးတယ်
ဒီကလေးက အထိုင်လိုက်လည်း အိပ်ပျော်တတ်တာပဲလား လို့ ။ ကြည့်နေတုန်းမှာပဲ ဝမ်ရိပေါ်ရဲ့ခေါင်းက သူ့ဘက်ကိုတဖြေးဖြေးစောင်းကျလာရင်း သူ့ပခုံးပေါ် ရောက်လာတယ် ။ ဝမ်ရိပေါ်ရဲ့ခေါင်းနဲ့ သူ့ပခုံး အထိအတွေ့ကြောင့် ရှောင်းကျန့်ကအတောင့်လိုက်လေးဖြစ်သွားတယ် ။ တစ်ဆက်တည်းရင်တွေပါခုန်လာတာ ထိန်းမရတော့ဘူး ။ သူ့ကိုယ်သူမလုံမလဲဖြစ်လာတဲ့ရှောင်းကျန့်က ရုတ်တရက် ဝမ်ရိပေယ်ကို တွန်းထုတ်ပစ်တော့တယ် ။ ထိုအခါ ဝမ်ရိပေါ်က အလန့်တကြားနဲ့ နိုးလာခဲ့တယ် ။ အိပ်ချင်မူးတူးရုပ်ကလေးနဲ့ ။

' ကျန့် ကော...'

တွန်းထုတ်ပြီး မသိချင်ယောင်ဆောင်နေတဲ့ ရှောင်းကျန့်ပါလေ ။ နားနီနီလေးက ရှက်နေကြောင်းသက်သေပြနေတာ ။ မျက်ဝန်းကျယ်လာပြီဖြစ်တဲ့ ဝမ်ရိပေါ်က သူ့အညိုဆင်လေးကိုကြည့်ရင်း အသည်းယားနေရပြန်ပြီပေါ့ ။

' ကော ကိုယ့်ကိုတွန်းထုတ်တယ်ပေါ့ '

' ပြန်တော့ ဝမ်ရိပေါ် '

Memorable Spring ( Completed) Where stories live. Discover now