22.

705 64 1
                                    

Unicode

ရှောင်းကျန့်ရဲ့ အတိတ်တွေကိုသိလိုက်ရတော့ ဝမ်ရိပေါ်ရဲ့နှလုံးသားဟာဆွဲညှစ်ခံထားရသလိုမျိုး တင်းကြပ်လာတယ် ။ သူချစ်ရတဲ့ အမျိုးသားလေးနာကျင်ခဲ့ရသလိုမျိုး သူပါလိုက်ပြီး နာကျင်လာတယ် ။ ရှောင်းကျန့်ရဲ့အတိတ်တွေဟာ သူသိထားတာထက်ကို ဝမ်းနည်းစရာကောင်းနေခဲ့တယ် ။

' သူက သူ့အမေမရှိတော့ကတည်းက ဘယ်သူ့ကိုမှ သူ့ဘဝထဲ မထည့်တော့ဘူး ဒါပေမယ့် မင်းကတော့သူ့အတွက် ထူးခြားတယ် ရိပေါ် '

' အကို့အနေနဲ့ကတော့.. မင်း ရှောင်းကျန့်ကို အချိန်ပေးလိုက်ပါ မင်းဆီလာခဲ့ဖို့က သူ့အတွက်အချိန်လိုတယ် '

ဝမ်ရိပေါ်က ရှောင်းကျန့်ကို လုံးဝလက်မလွှတ်တော့ဘူး ။ တစ်ဘဝစာလုံး အထီးကျန်ခဲ့ရတဲ့ အဲ့ဒီအမျိုးသားလေးကို နောက်ထပ်ဘယ်တော့မှအထီးမကျန်စေရပဲ ကမ္ဘာကြီးထဲက လူတွေအားလုံးထက်အပျော်ရွှင်ရဆုံးလူ ဖြစ်ရအောင် ဝမ်ရိပေါ်က ဖန်တီးပေးမယ်လို့ သူ့ကိုယ်သူကတိပေးလိုက်တယ် ..

ချန်ဖန်းနဲ့တွေ့ခဲ့ပြီးနောက်ပိုင်း ဝမ်ရိပေါ်က ရှောင်းကျန့်ကို ထပ်ပြီးဆက်သွယ်ဖို့မကြိုးစားတော့ပါ ။ အဲ့ဒီအစား ချန်ဖန်းဆီကနေတစ်ဆင့် ရှောင်းကျန့်ရဲ့ အခြေအနေတွေကို သိရခြင်းဖြစ်တယ် ။ ရှောင်းကျန့်ရဲ့ကမ္ဘာကတော့ ပုံမှန်အတိုင်းပဲ လည်ပတ်နေတယ်တဲ့ ။ ဝမ်ရိပေါ်လဲဒီအတိုင်းပါပဲ ပုံမှန်အတိုင်း ရှောင်းကျန့်ကိုလွမ်းရင်း အလုပ်တွေလုပ်ရင်းပေါ့ ။
..................

ဝမ်ရိပေါ်က အရင်တုန်းကနဲ့အရမ်းကွာခြားလာပြီဖြစ်တယ် ။ တစ်ဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကလေးက သိပ်မဆိုးတော့ဘူး ။ ဒါပေမယ့် ခေါင်းမာတာကတော့ မပျောက်ပါဘူး ။

ဝမ်ရိပေါ်ရဲ့မိဘတွေကတော့ သူဒီလိုပြောင်းလဲနေမူအပေါ် အံ့သြဝမ်းသာဖြစ်နေရတယ် ။ တစ်နေကုန်အလုပ်တွေပဲ အာရုံစိုက်ရင်း အားတဲ့အချိန်တွေမှာတော့ တစ်ခါတစ်လေ မှိုင်နေတတ်သေးတယ် ။ Bergen ကနေပြန်ရောက်ပြီးကတည်းက သူတို့သားရဲ့ပြောင်းလဲလာမူကို အနည်းငယ်တော့ ရိပ်မိကြပါတယ် ။
တစ်ရက်သောညမှာ ဝမ်ရိပေါ်က ပုံမှန်အတိုင်း ကုမ္ပဏီ ကနေပြန်လာခဲ့တယ် ။ သူ့မိဘနှစ်ယောက်က ဝမ်ရိပေါ်ကို မေးမြန်းဖို့အတွက် စောင့်နေကြတယ် ။

Memorable Spring ( Completed) Where stories live. Discover now