Final.

1.8K 88 6
                                    

Unicode

အညိုရောင် ဖျော့ဖျော့ကလေးက ဘယ်ရာသီကို အကြိုက်ဆုံး ဖြစ်လိမ့်မလဲ?
.
.
ဝမ်ရိပေါ်က ရှောင်းကျန့်နားမှာပဲ ကပ်တွယ်နေချင်ပေမယ့် သူဟာ Bergen မှာ အခြေချဖို့အတွက် လုပ်စရာတွေများပြားတယ် ။ ပြခန်းတစ်ခု ဝယ်ထားရုံနဲ့ မလုံလောက်တာမို့ Bergen မှာ စီးပွားရေးတစ်ခု လုပ်ကိုင်ဖို့ စီစဥ်ရတယ် ။ ရှောင်းကျန့်ကို ကာကွယ်ပေးနိုင်ဖို့အတွက် အိမ်ထောင်ဦးစီးတစ်ယောက်လိုအနေနဲ့ သူဟာတာဝန်ကျေဖို့လိုပါတယ် ။

အညိုရောင်ဆိုဖာပေါ်ထိုင်နေတဲ့ ရှောင်းကျန့်ရဲ့ပေါင်ပေါ်ကို ဝမ်ရိပေါ်က ခေါင်းတင်ထားရင်း ဖုန်းတစ်လုံးနဲ့  လုပ်ငန်းကိစ္စတွေကို ရှာဖွေလေ့လာနေတာဖြစ်တယ် ။  လက်ချောင်းသွယ်သွယ်လေးတွေက သူ့ရဲ့ဆံပင်တွေကြားထဲ ဖွဖွကလေးရစ်သွယ်နေတယ် ။ ဖုန်းထဲအာရုံမစိုက်နိုင်တော့တဲ့ အခါ သူ့မျက်နှာကိုခေါင်းငုံ့ကြည့်နေတဲ့ အညိုဆင်လေးကို ပြန်မော့ကြည့် လိုက်တယ် ။ တစ်အိမ်ထဲနေနေတာတောင် မျက်လုံးချင်းအကြည့်ဖလှယ်မူက ဘယ်တော့မှ မရိုးသွား ။ ရှောင်းကျန့်ရဲ့ မျက်နှာလှလှလေးကို သူဟာငေးလို့ကိုမဝနိုင်ပါ ။ ​​ငေး​နေရင်းအူတွေယားလာရင်တော့ အဲ့ဒီမျက်နှာလှလှလေးနဲ့ နှုတ်ခမ်းပါးပါးလေးက ရစရာမရှိတော့ဘူးလို့ မှတ်လိုက်တော့ ။

' ရိပေါ် '

' ဗျ '

' တကယ်ပဲ ပေကျင်းမှာ မနေတော့ဘူးလား '

' အင်းလေ ပေကျင်းမှာ ကောမှ မရှိတာ ဘာလို့နေရမှာလဲ '

' ဒါပေမယ့် မင်းမိသားစု ရှိတယ်လေ '

' ကျွန်တော် သွားလည်မှာပေါ့ ကောရဲ့ '

သည်ကိစ္စနဲ့ပက်သက်ပြီး ဝမ်ရိပေါ်က ဘယ်တော့မှနားချမရဘူး ။ ရှောင်းကျန့်က သူ့ကိုယ်သူတစ်ကိုယ်ကောင်းဆန်ခဲ့ပေမယ့်လည်း တစ်ခါတစ်လေကျရင်တော့ အပြစ်ရှိသလိုခံစားရတယ် ။ ဝမ်ရိပေါ်ဆီမှာ ပေကျင်းကမိသားစုရှိတယ် ။ အဲ့ဒီအတွက် သူကဝမ်ရိပေါ်ကို တစ်သက်လုံးသူ့ဘေးမှာနေပေးဖို့ တောင်းဆိုမိတာကို အားနာမိလာတယ် ။
သို့ပေမယ့်လည်း တစ်ခါလေးတောင်မှ နောင်တတော့မရခဲ့ပါ ။ သူဟာ ဝမ်ရိပေါ်ရဲ့ ဘဝထဲကို လိုလိုလားလားတိုးဝင်ခဲ့ခြင်းကို..

Memorable Spring ( Completed) Where stories live. Discover now