18.

668 63 1
                                    

Unicode

ဒီနေ့ဟာ ဝမ်ရိပေါ်ပြန်သွားတာ ၁၀ ရက်မြှောက်နေ့ ။ သတိရခြင်းကို သတိမရချင်တဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်သွားလိုက်ပြီးတဲ့ နေ့ရက်တွေကအစ ရေတွက်နေမိတယ် ။ ပန်းချီဆွဲရတာတောင် စိတ်မပါချင်တော့သလို သူသိပ်ကြိုက်တဲ့ Bergen လမ်းကြားတွေထဲတောင် ညနေဘက်တွေ လမ်းထွက်မလျှောက်ဖြစ်တော့ဘူး ။ အစားစားရင်တောင် ဝမ်ရိပေါ်ကိုပဲမြင်ယောင်မိနေလို့ ရှောင်းကျန့်က ရူးချင်နေပြီ ။ ဘာလုပ်လုပ် စိတ်မပါနေတဲ့ ရှောင်းကျန့်ဟာ အိပ်ယာထဲမှာပဲအချိန်တွေကုန်ရင်း
တစ်ခါတစ်လေ အညိုရောင်ဆိုဖာပေါ်မှာ ပက်လက်အနေအထားနဲ့ အသက်မရှိတော့တဲ့လူလို မှိုင်နေတတ်သေးတာ ။
သူဟာ ဝမ်ရိပေါ်ကိုပြန်ပြီး သဘောကျနေကြောင်းကို သူ့ကိုယ်သူဝန်မခံချင်ပါ ။ ဝမ်ရိပေါ်ကလဲသူနဲ့လိင်တူယောကျာ်းတစ်ယောက်ဆိုတာတော့ သူ့အတွက်ထူးဆန်းပြီး အရေးတယူပြုနေစရာတော့မရှိပါဘူး ။ နိုင်ငံခြားမှာနေလာတာကြာနေပြီမို့ ဒါတွေကတော့ ရင်းနှီးပြီးနားလည်ပြီးသားဖြစ်တယ် ။

တစ်ယောက်ထဲနေသားကျနေတဲ့ ဘဝကြီးထဲ သူက တခြားတစ်ယောက်ကို ဆွဲမသွင်းချင်ခဲ့ဘူး ။ ဒါပေမယ့် ဝမ်ရိပေါ်ကိုတော့ အနားမှာ ရှိနေစေချင်ခဲ့တယ် ။ ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတွေက သူ့မာမီနဲ့တူတယ် ။ ဒါပေမယ့် မတူတာက ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတွေက ပိုနွေးထွေးတယ် ။ သူဟာတကယ်ပဲ သူ့ထက် ၆ နှစ်ငယ်တဲ့ ကလေးဆီမှာ အဆုံးစွန်ထိ ကျရှုံးနေခဲ့ပြီးပြီ ။

ရှောင်းကျန့်က သူ့ရဲ့ခံစားချက်အားလုံးကို ချန်ဖန်းဆီပြောပြဖြစ်ခဲ့တယ် ။ ချန်ဖန်းကတော့ သေချာစဥ်းစားဖို့ပြောတယ် ။ သူ့အနေနဲ့ တစ်စုံတစ်ယောက်အပေါ် ခံစားချက်ရှိလာတာကိုပဲ ချန်ဖန်းကဝမ်းသာလို့မဆုံး ။

နောက်တော့ ချန်ဖန်းက ဝမ်ရိပေါ်ရဲ့နောက်ခံအကြောင်းကို စုံစမ်းပြီးပြောပြခဲ့တယ် ။
အဲ့ဒီမှာ ရှောင်းကျန့် စပြီးဝေခွဲမရဖြစ်ခဲ့ရပါတော့တယ် ။ သူဟာ ဝမ်ရိပေါ်နဲ့ အနီးဆုံးမှာရှိချင်ခဲ့သလို ဒီထပ်ပိုပြီးလဲဝေးချင်လာခဲ့ပါတယ် ။

...........................

၂ ပတ်ကြာပြီးနောက်မှာတော့ ဝမ်ရိပေါ်ရဲ့အဖေက ဆေးရုံဆင်းခွင့်ရတယ် ။ အဲ့ ၂ ပတ်လုံး ရေချိုးတာတောင် ဆေးရုံမှာ ချိုးခဲ့ရတဲ့ ဝမ်ရိပေါ်က အိမ်ပြန်ရောက်တာနဲ့ အခန်းတံခါးပိတ်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်တော့တယ် ။ နောက်တစ်ရက်ရောက်တာနဲ့ အနားယူတော့မှာဖြစ်တဲ့ သူ့အဖေနေရာကို ဝင်ရောက်ရတော့မယ် ။ ကုမ္ပဏီ တစ်ခုလုံးရဲ့ရာထူးအကြီးဆုံးနေရာအတွက် ၂ ပတ်စာလေ့လာထားမူကမလုံလောက်သေးဘူး ။ အမှန်တိုင်းပြောရရင် သူ့အဖေရဲ့နေရာကိုမဝင်ချင်ဘူး အဲ့အတွက်ဖိအားအရမ်းများနေခဲ့ရတယ် ။ သူ့အဖေအတွက် နောက်ပြီးတော့ ရှောင်းကျန့်ဆီကိုပြန်သွားနိုင်ဖို့အတွက် အချိန်ခနတော့ သည်းခံရဦးမှာပဲ ။

Memorable Spring ( Completed) Where stories live. Discover now