24.

755 63 1
                                    

Unicode

'တွေ့ရတာ ဝမ်းသာပါတယ် ဝမ်ရိပေါ်ပါ '

ထို့နောက်ဝမ်ရိပေါ်က Mr. Ran နဲ့ တခြားပန်းချီဆရာနှစ်ယောက်ကို လက်ဆွဲနှုတ်ဆက်လို့ပြီးတော့ သူ့ဆီကို လက်လှမ်းလာခဲ့တယ် ။
ရှောင်းကျန့်တစ်ယောက်ဟာ အံ့သြမှင်သက်နေရင်း ဒီအတိုင်းပဲ တောင့်တောင့်ကြီးဖြစ်နေခဲ့တယ် ။ သူ့ဘေးက Mr. Ran က သူ့လက်မောင်းကို လှမ်းတို့လိုက်မှပဲ ပုံမှန်အတိုင်းပြန်ဖြစ်တော့တယ် ။ ရှောင်းကျန်က မတ်တပ်ရပ်ပြီးဝမ်ရိပေါ်လှမ်းထားတဲ့လက်ဆီ သူ့လက်သေးသေးကို မရဲတရဲနဲ့ ပြန်ကမ်းလိုက်တယ် ။

' ကူညီပေးပါဦး ဆရာရှောင်း '

' အာ.. အင်းး '

ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့လက်ကိုမလွှတ်ပေးသေးပဲ ပြုံးပြုံးကြီးနဲ့ကြည့်နေတယ် ။ နေရခက်နေတဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့လက်အကြီးကြီးထဲကနေ ရုန်းထွက်ဖို့ကြိုးစားပေမယ့် မရဘူး ။ လက်ကလည်းကြီးသလို အားကလည်းသန်ပါ့ ။ ရှောင်းကျန့်ရုန်းနေတာ ရပ်လိုက်တဲ့အခါမှ ဝမ်ရိပေါ်သူ့ကို ပြီတီတီရုပ်နဲ့ ပြုံးပြနေရင်းမျက်လုံးတစ်ဖက်မှိတ်ပြတယ် ပြီးမှလက်ကိုလွှတ်ပေးခဲ့တယ် ။ ရှောင်းကျန့်က နေရခက်စွာနဲ့ ဘေးဘီဝဲယာကိုကြည့်လိုက်တဲ့အခါ အားလုံးက သူတို့နှစ်ယောက်ကို သေချာကြည့်နေကြတယ် ။ ရှက်ရှက်နဲ့ ချောင်းတစ်ချက်ဟန့်ပြီး ခုံမှာပြန်ထိုင်လိုက်တော့တယ် ။

Meson - ' ကဲကဲ မင်းတို့ပြီးပြီလား '

ဝမ်ရိပေါ် -' ဟုတ်ကဲ့ '

ပြခန်းကိစ္စတွေဆွေးနွေးနေတဲ့ တစ်လျှောက်လုံး ဝမ်ရိပေါ်က ရှောင်းကျန့်ဆီကနေ မျက်လုံးမခွာပါ ။ ရှောင်းကျန့်က အ​ပြင်ပိုင်းမှာတော့မသိသလိုနေနေပေမယ့် အတွင်းထဲမှာတော့ စိတ်လှုပ်ရှားမူနဲ့အတူ နှလုံးသားအပြင် ရှိရှိသမျှ အစိတ်အပိုင်းကလီစာတွေပါ ဗြောင်းဆန်နေသလို ခံစားနေရတယ် ။ ဆွေးနွေးနေတဲ့ ကိစ္စတွေအကြောင်းကလည်း နားထဲရောက်သလိုလို မရောက်သလိုလိုပဲ ။

'ဆရာ Xiao.. မင်းကြားရဲ့လား  ဘာတွေတွေးနေတာလဲ '

' ဗျာ '

Memorable Spring ( Completed) Where stories live. Discover now