အခန်း (၅) ဆရာသခင်၏ သက်မှတ်ချက်

3K 317 3
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၅) ဆရာသခင်၏ သက်မှတ်ချက်

ဖန်ရှင်း ရှန့်ရှောင်းကျောင်းတော်၌ ရောက်ရှိနေသည်မှာ တစ်ပတ်ခန့်ပင် ရှိပြီဖြစ်သည်။ ရောက်သည့်နေမှစ၍ ရှန့်ရှောင်းကျောင်းတော် အနှံ့ တားမြစ် နေရာမှလွဲ၍ ကျန်သည့် နေရာတိုင်းကို အကုန်လျှောက်သွား ပစ်လိုက်သည်။ ယခုအချိန်အထိ ဆရာကလည်း သူ့ကို ခေါ်ယူ မတွေ့သေးသည့်အတွက် သူက လွတ်လပ်စွာ သွားလာနေခြင်း ဖြစ်၏။ လမ်းတစ်လျှောက်တွင် သူ့ကို တွေ့ကြသည့် လူအားလုံးက စီနီယာဖန်ရှင်းဟု ခေါ်သည့်အခါ သူက များစွာ သဘောကျမိပြီး တပြုံးပြုံးနှင့် ခေါင်းညိတ်ကာ နှုတ်ဆက်နေသည်။ အချို့ဆိုလျှင် သူ့ကို မမြင်ချင်ယောင် ဆောင်၍ လျှောက်သွား သည့်အခါ သူက တကူးတကလိုက်ခေါ်၍ နှုတ်ဆက်ခိုင်းသည်။

လူတိုင်းက သူ့ကို လေးစားကြသည့် အခါ သူက များစွာ ဂုဏ်ယူမိပြီး မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့ အမူအရာနှင့် ဆရာသခင်သဖွယ် လက်နောက်ပစ်၍ ဦးညွှတ်မှုကို ခံယူနေသည်။ လက်ဦးတွင် ကျောင်းတော်သားများနှင့် ဆရာများက သူ့ကို မည်သို့မျှ အပြစ်မတင် သော်လည်း ဖန်ရှင်းက နေ့စဥ်နေ့တိုင်း သူတို့ရှေ့၌ ဖြတ်လျှောက်ပြနေသည့်အခါ သူတို့က များစွာ ဒေါသထွက်မိသည်။ သို့သော်လည်း ဝါစဥ်အရ ပြန်မပြောရဲလေရာ ထိုကိစ္စက ကျောင်းတော်၏ ကျောင်းအုပ် ရန်ရှောင်းထံသို့ ရောက်ရှိလာသည်။ ထို့အတွက် ရန်ရှောင်းက သူ့ကို ခေါ်ယူ တွေ့ဆုံရသည်။

" ဆရာတူ ဦးလေး ဖန်ရှင်းကို တွေ့ချင်တာ ဘာကိစ္စများလဲ၊ ဖန်ရှင်းက ဒီရက်တွေမှာ အားမနေဘူးနော်၊ ဂျူနီယာတွေရဲ့ လေးစားမှုကို လိုက်လံပြီး ခံယူနေတာ "

" ဖန်ရှင်း မင်းက နည်းနည်းလွန်နေပြီလို့ မခံစားရဘူးလား "

" ဘာကိုလဲ ဖန်ရှင်းက ဘာလွန်လို့လဲ "

" မင်းက သူတို့ရှေ့မှာ ခဏခဏ ဖြတ်လျှောက်ပြပြီး သူတို့နှုတ်ဆက်တာကို ခဏခဏခံယူနေတာက မင်းကိုယ်မင်းလွန်တယ်လို့ မထင်မိဘူးလား... "

" ဟမ့်...ဒါက မလွန်ပါဘူး ဖန်ရှင်းက ဂျူနီယာတွေကို လေးစားခြင်းရဲ့ အနှစ်သာရ တာအိုကို လေ့ကျင့် ပေးနေတာပါ "

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now