အခန်း (၁၁) ဆရာတပည့်

2.1K 257 2
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၁၁) ဆရာတပည့်

ကျိုးသွမ့်ယွီက စွမ်အင်ကိုသုံးရင်း လျှပ်တပြတ် လှုပ်ရှားလိုက်ရာ ရှန့်ရှောင်းကျောင်းတော် မြေတိုက်ရှေ့သို့ ရောက်သွားသည်။ သူ့ကို မြင်သည်နှင့် မြေတိုက်၏ အစောင့်အရှောက်သည် ရုတ်တရက် ထိတ်လန့်သွားသော်လည်း ကပျာကယာပင် ဦးညွှတ်လိုက်သည်။

" ကြီးမြတ်သော အကြီးအကဲ သွမ့်ယွီ အမိန့်ရှိပါ ဒီအစောင့်အရှောက်ကို ဘာများ ညွှန်ကြားချင်ပါသလဲ "

" ဖန်ရှင်းရဲ့ အခန်းကို မင်းသိလား "

" ဖန်ရှင်း...ဖန်ရှင်းဆိုတာက ဟိုတစ်ခါ ကြီးမြတ်သော သွမ့်ယွီ ကောင်းကင် ပေတံနဲ့အပြစ်ပေခဲ့တဲ့ တစ်​ယောက်လား "

" အင်း ဟုတ်တယ် သူပဲ မင်းသူ့ကို ဘယ်အခန်းမှာ ပိတ်လှောင်ထားလဲဆိုတာ သိလား "

" ကြီးမြတ်သော သွမ့်ယွီ ဒီအစောင့်အရှောက် နောက်က လိုက်ခဲ့ပါ "

မြေတိုက် အစောင့်အရှောက်၏ ခေါ်ဆောင်ရာနောက်သို့ သူလိုက်သွားသည်။ ထို့နောက်တွင် အောက်ထပ်သုံးဆင့်မြောက်သို့ အရောက်တွင် အစောင့်အရှောက်က ရပ်လိုက်သည်။ ရှန့်ရှောင်းကျောင်းတော်တွင် သာမန်အားဖြင့် ​မြေတိုက်များ ရှိသော်လည်း ယင်းမြေတိုက်များကို အဆင့်များ ခွဲခြား၍ ထားသည်။ မြေတိုက်အဆင့် ခြောက်ဆင့်ရှိပြီး ယခု ဖန်ရှင်းက မြေတိုက် အဆင့် သုံး၌ ရှိနေသည်။ မြေတိုက်အဆင့်သုံးတွင် ဖိအားက အမြုတေ အဆင့်များကိုပင် ဒုက္ခရောက်စေသည်။ ထိုအဆင့်၌ သူ့တပည့်က အသက်ရှင်နိုင်ပါရဲ့လား။ ဒေါသအလျောက် အပြစ်ပေးထားခဲ့သော်လည်း ယခုမှသူက နောင်တရ သလိုလိုပင် ဖြစ်သွားသည်။

" တံခါးဖွင့်လိုက်ပါ သူအထဲမှာ အဆင်ပြေပြေ ရှိမရှိ ငါကြည့်မယ် "

သူက အစောင့်အရှောက်ကို ပြောလိုက်သည်နှင့် မြေတိုက် အစောင့်အရှောက်က ခေါင်းညိတ်လိုက်ပြီး လျှို့ဝှက်အပေါက်တစ်ခုကို ချီစွမ်းအင်ပို့လွှတ်လိုက်သည်။ ချလောက်ဟူသော အသံနှင့်အတူ မြေတိုက်တံခါးက ပွင့်သွားသည်။ ထိုအခါ အခန်းထဲမှ အနံ့ဆိုးများက အပြင်သို့ ထွက်လာသည်။ ကျိုးသွမ့်ယွီက သူ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အခန်းတွင်းမှ အခြေအနေကို စစ်ဆေးလိုက်သည်။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Donde viven las historias. Descúbrelo ahora