အခန်း (၄၁) အမှိုက်ကောင် ပြန်လာပြီ

1.2K 122 2
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၄၁) အမှိုက်ကောင် ပြန်လာပြီ

         ရှန့်ရှောင်း ကျောင်းတော်မှ ထွက်ခွာလာသည့် အချိန်အထိ ဖန်ရှင်းက သွားစရာဟူ၍ ရေရေရာရာ မရှိဘဲ ဖြစ်၍နေ၏။ ခြေဦးတည့်ရာ သွားနေသော်လည်း ထိုအရာက အခြေနေမှန်မဟုတ်​ကြောင်း သူက သိသည်။ ထို့အတွက်ကြောင့် နောက်ဆုံးတွင် သူက သူ၏ မွေးရပ်မြေသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ဖန်ရှင်း သူ့မိဘများနှင့် မတွေ့ရသည်မှာ ဆယ်စုနှစ်တစ်ခုပင် ရှိခဲ့ချေပြီ။ ထို့အတွက်ကြောင့် သူက မွေးရပ်မြေသို့ ပြန်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်လေသည်။

           ကျင့်ကြံသူတစ်ယောက် ဖြစ်သွားသည့်အခါ သူ၏ အလျှင်က ပို၍ မြန်ဆန် လာသည်။ ယခင်က တစ်လကျော်ခန့် သွားရသည့် ခရီးကို ယခုသူက တစ်ပတ်အတွင်း ရောက်အောင် သွားလာနိုင်သည်။ ကောင်းကင်ထက်တွင် ရပ်နေရင်း သူက အောက်ခြေမှ ယောင်းနိုင်ငံကို ကြည့်လိုက်သည်။ ယောင်းနိုင်ငံက ယခင်အတိုင်း ပုံစံမပျက် ရှိ၍နေသည်။ ထို့နောက်တွင် သူက ယောင်းနိုင်ငံကို အပေါ်စီးမှ ဖြတ်သန်းသွားပြီး ဖှုန်းဆွေမြို့၏ ကောင်းကင်ထက်၌ သူ့အရှိန်ကို ရပ်တန့်လိုက်သည်။

        ဇောင်ကလန်...။ ထိုကလန်က သူ၏ စတင်ရာဖြစ်ပြီး သူ့မိဘများနှင့် သူ့မိတ်ဆွေများရှိသည့် နေရာလည်း ဖြစ်၏။ ယခုသူက ဇောင်ကလန်၏ ကောင်းကင်ထက်တွင် ရပ်လျက်ရှိပြီး ဇောင်ကလန်ကို ငေးကြည့်နေသည်။ ဖန်ရှင်းသည် သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ပြီး ကလန်အတွင်းမှ ဖြစ်ပျက်နေမှုများကို စစ်ဆေးလိုက်သည်။

       အထူးသဖြင့် ဇောင်မိသားစု၏ ဒုတိယမျိုးဆက်များ ရှိရာ ခန်းမတောင်သို့ ဖြစ်သည်။ သူ့ဖခင် ဇောင်ချင်သည် ဇောင်မိသားစု၏ ပင်မကလန်မှ မွေးဖွားလာသည့် လူတစ်ယောက်မဟုတ်ဘဲ ဒုတိယမိသားစုမှ မွေးဖွားလာခြင်း ဖြစ်သည်။ ယခုသူက သူ့အဖေရှိရာ ခြံဝန်းသို့ စိတ်ဝိညာဥ်ကို ပို့လွှတ်လိုက်သည်။

" အဟွတ်... အဟွတ် ကျူးယွဲ့ ငါ့ကိုဆေးယူပေးပါအုံး "

        ချောင်းဆိုးသံနှင့်အတူ ဒဏ်ရာပြင်းထန်စွာ ရနေသည့် လူတစ်ယောက်က အိပ်ရာထက်မှ ပြောလိုက်သည်။ ထို့နောက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက်က ဆေးကျိုထားသည့် ခွက်ကိုကိုင်ရင်း အခန်းထဲသို့ ဝင်ရောက်လာသည်။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now