အခန်း (၁၉) ထွက်ပြေးခြင်း

2.7K 216 5
                                    

ငါ့တပည့်လေးက ငါ့ကိုကြိတ်ချစ်နေတယ်

အပိုင်း (၁၉) ထွက်ပြေးခြင်း

သူမျက်လုံးတွေ ဖွင့်လိုက်တော့ သူက ဆရာသခင်၏ ဝါးအိမ်လေးအတွင်း ရောက်ရှိ နေသည်ကို သူသိလိုက်ရသည်။ ထို့အတူ သူ့ခန္ဓာကိုယ်ကလည်း အားအင်ပြည့်ဖြိုးနေသလို ခံစားလိုက်ရပြီး သူ့ဒန်တျန်၏ ဘေးမှာ အဖြူရောင် စက်ဝန်းလေးတစ်ခု ထူးခြားစွာ ထွက်ပေါ် နေသည်ကို သူတွေ့လိုက်ရသည်။ စက်ဝန်းကလေးကို သူကကြည့်နေပြီး နောက်မှ ထနိုင်လိုက်သည်။ ဆရာသခင်က ဘယ်သောအခါမှ သူ့ကို ဝါးအိမ်ကလေးအတွင်း ဝင်ခွင့်မပြု။ ယခုသူက ဝါးအိမ်ကလေး အတွင်း ရှိနေလေရာ ထိုအရာက ဆရာသခင် ကိုယ်တိုင် ပို့ပေးထားခြင်း ဖြစ်နိုင်သည်။ ထို့နောက်တွင် သူက မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို ပြန်တွေးလိုက်သည်။

သူ့မျက်လုံးထဲ ပုံရိပ်များစွာက အထပ်ထပ် ထွက်ပေါ်လာသည်။ ဂိုဏ်းပေါင်းစုံ တွေ့ဆုံပွဲ၌ သူက ယန်မိစ္ဆာဂိုဏ်း၏ ကျင့်ကြံသူ ယီရှီချန်းနှင့် တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် သူ့မျက်လုံးရှေ့၌ အနက်ရောင် မိုးခိုးငွေ့များ ထွက်ပေါ်လာပြီး နောက်ပိုင်း သူက မည်သည့်အရာကိုမျှ မမှတ်မိတော့ချေ။ သူက ကြိုးစားပြီး စဥ်းစားလိုက်သည်။ သို့သော်လည်း မည်သို့သော သဲလွန်စကိုမျှ သူက စဥ်းစားမိခြင်း မရှိ။ ထို့နောက်တွင် သူ့မျက်လုံးထဲ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က ယောကျ်ားသားတစ်ယောက် ဖြစ်ပြီး ခန္ဓာကိုယ်၌ အဝတ်ဗလာကျင်း၍ နေသည်။ ထို့အတူ ထိုခန္ဓာကိုယ်က သူနှင့်အတူ ဤဝါးအိမ်လေး အတွင်း၌ ရောထွေး ပူးကပ် နေကြသည်။

" အား..."

ဖန်ရှင်းက အလန့်တကြား အော်ဟစ်လိုက်သည်။ ထိုအရာက မည်သည့်အရာများ ဖြစ်နိုင်သနည်း။ ပုံရိပ်တွေက ဘာတွေလဲ။ အိပ်မက်လား။ အစစ်အမှန်လား။ အိပ်မက်ဆိုလျှင်တောင်မှ ထိုအိပ်မက်က လွန်စွာထူးဆန်းလှသည်။ အဘယ့်ကြောင့်ဆိုသော် အစစ်အမှန်နီးနီး ခံစားမိသောအိပ်မက်မျိုးက သူ့ဘဝတစ်သက်တာတွင် ဘယ်တုန်းကမှ မမက်ခဲ့ဘူးချေ။ အတွေးတို့သည် တစ်ဆင့်ထက် တစ်ဆင့် မြင့်မား ပီပြင်လာပြီး နောက်ဆုံးတွင် သူက ပုံရိပ်၏ အသွင်သဏ္ဍာနိကို ပုံဖော်လိုက်သည်။ ပုံရိပ်၏ ဆံနွယ်ရှည်တို့က သူ၏ ကျောလယ်၌ လှုပ်ရှား လူးလွန့်နေသည်။ ထို့အတူ ရှိုက်သံများကလည်း...။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now